Part 26 U/Z

60 2 0
                                    

ဇေယျာနဲ့မင်းမြတ်သူ တို့နှစ်ယောက်ထူးမြတ်သာနဲ့တွေပြီးနောက် အိမ်ကိုသာပြန်လာခဲ့တော့သည်။ သူပြောသည့်အတိုင်းထူးမြတ်သာကနောက်၁လတွင်းလွတ်မည်ဆိုတဲ့သတင်းကြောင့်သူတို့ငြိမ်နေလိုက်တော့သည်။ ကျောင်းသာပုံမှန်တက်နေပေမဲ့စိတ်တွေကသူငယ်ချင်းအပေါ်စိတ်ပူနေသည်။ သူ့အမေနဲ့ညီမအကြောင်းသိလိုသည့်ငြား၂၆လမ်းမှာစုံစမ်းပေမဲ့သတင်းအစအနတောင်မကြားရပါ။ နောက်ဆုံးတော့လည်းလက်လျော့လိုက်ရတာအချည်းနှီးပင်။

''မင်းမြတ်သူ..''

''ဟူး.......ပြောဇေယျာ... ''
ဟုဆိုရင်းအဆောင်ပေါက်ဝမှာငုတ်တုပ်ထိုင်ရင်းဆိုနေသည့်ကောင်ကိုတချက်ငေးကြည့်လိုက်သည်။ ခုတလောပိုင်းသူလည်းငိုင်တိုင်တိုင်၊မင်းမြတ်ကလည်းငုတ်တုပ်ဖြစ်နေတော့သည်။သူထိုင်တဲ့နေရာနားဆက်လျှောက်သွားရင်း..

''ဘာဆ​က်လုပ်ကြမလဲ ''

''ငါမစဥ်းစားတတ်တော့ဘူး.. နှင်းဆီဆိုတဲ့ကောင်ကိုငါတကယ်သတ်ချင်တယ်..ဟာပြောရင်းဆိုရင်းဒေါသထွက်တယ်.''

''စိတ်ကိုငြိမ်ငြိမ်ထား..ငါတို့ထပ်စုံစမ်းကြည့်ကြတာပေါ့ ''

အင်းဝဆောင်၃ထပ်မြောက်မှာထိုင်နေကြတဲ့သူငယ်ချင်းနှစ်ယောက်ကတော့ သောကတွေတပွေ့တပိုက်ကြီးဖြင့်သက်ပြင်းချနေကြတော့သည်။

.
.
.
.နှင်းဆီပန်း၊မေမြို့ပန်းတွေဝေစာနေတဲ့နန်းစံအိမ်ဆိုတဲ့အိမ်ကြီးက ပြင်ဦးလွင်မြောက်ဘက်၃လမ်းခွဲအကွာက ​ခြံကြီးတခြံဖြစ်သည်။ စံအိမ်နောက်ဘက်မှာသီးပင်၊စားပင်လုံလောက်စွာစိုက်ပျိုးထားကြသည်။ အိမ်အတွင်းမှာကတ္တီပါသားတွေနဲ့ဆောက်ထားတဲ့အထပ်ထပ်နံရံတွေဖြင့်ကာထားတော့သည်။ မြေအောက်ခန်းတွေလိုမျိုးအခန်းတွေကအများသားရှိသည်။ ဤမြေအောက်ခန်းတွေကလည်းရှေးမြန်မာထုံးထမ်းအစဥ်အလာအရဆောက်လုပ်ထားသည့်အတိုင်းပင်။ မြန်မာမင်းနောက်ဆုံး၇ဆက်မှာ သူ့ကျွန်ဘဝကျရောက်ခဲ့ရပြီးနောက် လွတ်လပ်ရေးရဖို့ကြိုးပမ်းနေရသည်မှာအခါခါပင်။ အိမ်တော်တွင်းထဲမှာ လှေကားကကြောင်လှေကားဏ္ဍန်ပုံစံရှိသည်။ ဆေးလိပ်မီးခိုးငွေ့တွေကအခန်းတစ်ခန်းထဲကနေလွင့်စင်လာတော့သည်။ အပြင်ဘက်မှာလည်းမြူတွေအုံဆိုင်းနေတော့သည်။ အုံဆိုင်းရသည့်ကြားက လေတွေကလည်းတဖန်တိုက်နေတော့သည်။ ကာရန်ထားတဲ့လိုက်ကာအဖြူရောင်လေးကလွင့်နေတော့သည်။

မောင်သည်သာ (Completed)Where stories live. Discover now