Part14 U/Z

164 2 0
                                    

မဟာမြတ်မုနိဘုရားမှာမောင့်ကျွန်တော့်ကိုဖွင့်ပြောပြီးတည်းက မောင်က ကျွန်တော့်ပေါ်ဆိုချွဲလာသည်။ သဝန်လည်းတိုတတ်လာသည်။ မောင်က ကျွန့်တော့်ကိုတခြားနေရာတွေလည်းသိပ်မသွားခိုင်းတော့သလို၊ သူများတွေနဲ့လည်းစကားပြောတာသိပ်မကြိုက်ဘူးတဲ့လေ အဲ့လိုအပြောလေးတွေကြောင့်သာမောင့်ကိုချစ်ခဲ့ရတယ်။ မောင်သာထားသွားရင်ဆိုတဲ့စိတ်က ကျွန်တော့်ကိုကမ္ဘာတခြမ်းကြီးပြိုလဲအောင်တောင် မောင်ကလုပ်ယူနိုင်သည်။ ခုလည်းကျွန်တော်တို့နှစ်ယောက်ကျောင်းဆင်းချိန်လည်းပြီးရော စျေးချိုဘက်ကိုထွက်လာကြတော့သည်။မန္တလေးမှာဆို စျေးချိုကလူအစည်ကားဆုံးနဲ့အကျယ်ဝန်းဆုံးစျေးဘဲလေ ။

ဒီလိုဘီလပ်ခင်းထားတဲ့လမ်းမှာမောင်နဲ့အတူလျှောက်နေရတာကျွန်တော့်တွက်တော့ ပြောစရာမလိုအောင်သာယာလွန်းလှသည်။မောင်လည်းကျွန်တော်နဲ့အတူထက်တူကျမယ်လို့ယုံကြည်တယ်။
စျေးလမ်းအတိုင်း ေလျှာက်ရင်းလျှောက်ရင်း လက်ဖက်ရည်ဆိုင်တခုမှာဝင်ထိုင်လိုက်တော့သည်။ ကျွန်တော်ဒီလိုထိုင်ရတာမသတီပေမဲ့ မောင်ကြောင့်သာဆိုအရာအားလုံးပြောင်းလဲပေးနိုင်ပါတယ်။
လက်ဖက်ရည်ဆိုင်ကနေ့လယ်ပိုင်းမို့လူနည်းသွားသည်။ အချို့ကဘောပွဲ ကြည့်တာနဲ့ မြန်မာဇာတ်ကား တွေကြည့်ကြတာလဲများကြသေးသည်။ မောင်ဘက်ကိုတချက်မှုလိုက်တော့ မောင်ကကျွန်တော်မျက်နှာကိုကြည့်ရင်း...

''နှင်းဆီကိုမောင် ဒီလိုနေရာခေါ်လာမိလို့တောင်းပန်ပါတယ် မောင်အမှားပါ ''

မောင်ကသူ့မျက်နှာလေးကိုငုံထားရင်းဆိုရှာတော့ ကျွန်တော်မနေနိုင်ဘဲမောင့်လက်ကိုဆုပ်ကိုင်ရင်း....

''ဒီမှာမောင် ကျွန်တော်မောင့်အတွက်ဆိုအရာအားလုံးပြောင်းလဲနိုင်ပါတယ် အဓိက ကမောင်သာကျွန်တော့်ဘေးနားမှာရှိနေပေးရမယ်နော် ''

မောင်က ကျွန်တော့်ကိုကြည့်ရင်းသတက်လေးတွေပေါ်အောင်ထိရီလိုက်တော့သည်။မောင်ကလေအရမ်းချစ်ဖို့ကောင်းသည်။ကျွန်တော့်တွက်တော့ကလေးလေးလိုပင်။

''ေမာင်ကတိပေးပါတယ် မောင်နှင်းဆီကိုအသက်ထက်မျှချစ်တာယုံပါ''

မောင်သည်သာ (Completed)Where stories live. Discover now