''ဒါဘာလုပ်နေတာလဲဇော်မင်းထက်ပိုင် ''ထက်မြတ်သူဇာတတယာက်နောက်ကမြေကြီးကိုတူးဆွနေသောဇော်မင်းထက်ပိုင်ကြောင့်စိုးရိပ်စိတ်များလာကာမေးလိုက်တော့သည်။ဇော်မင်းထက်ပိုင်အိမ်ပြန်ရောက်ချင်းအိမ်နောက်ဘက်ကိုသွားကာမြေကြီးတွေကိုတူးဆွနေရင်းနောက်ပါးကနေထွက်လာတဲ့အသံကြောင့်ရပ်လိုက်တော့သည်။
'' ကျွန်တော်ဘာမှမလုပ်ပါဘူး..အပင်တွေစိုက်ကြည့်ရင်ကောင်းမလားစဉ်းစားနေတာ ''
''သြော်..! အေးဒါဆိုရပြီလေ ''
ဆိုကာထွက်သွားသောသူမကျောပြင်ကိုကြည့်ကာဇော်မင်းထက်ပိုင်ငိုကြွေးနေမိသည်။ သူအမေကဒိလိုရက်စက်ပြီးကောက်ကျစ်မယ့်လူလို့သူမထင်ထားခဲ့ပါ။ ဇော်မင်းထက်ပိုင်မြေကြီးတွေကိုတူးလိုက်ရှာလိုက်ဖြင့်အချိန်တွေကုန်ဆုံးလာခဲ့သည်။ သူဘာမှမတွေ့ခဲ့ပါ။နောက်ဆုံးမောလို့နားဖို့လုပ်ရင်းသူတူးထားတဲ့တွင်းတစ်ခုကြားကလက်ကိုမြင်လိုက်ရတော့သည်။ သူလက်ဖြင့်အလျင်အမြန်ရှာလိုက်ချိန် ရုပ်အလောင်းတစ်ခုကိုမြင်လိုက်ရတော့သည်။ ရုပ်အလောင်းကပုပ်ပွပြီးမည်သူဘယ်ဝါမှန်းတောင်မသိတော့ပါ။ အလောင်းကိုမြေကြီးထကြမကာ သူလျှို့ဝှက်နေရာဖြစ်တဲ့အခန်းတစ်ခုထဲထည့်ထားလိုက်တော့သည်။ ဇော်မင်းထက်ပိုင်အလောင်းကိုစစ်ဆေးကြည့်ချိန်တွေ့လိုက်ရတဲ့ပတ္တမြားလက်စွပ်ကြောင့်ဦးမောင်မောင်ဦးမှန်းသိလိုက်ရတော့သည်။အလောင်းကိုအဝတ်တစ်ခုဖြင့်ပတ်ပြီးဖွက်ကာအခန်းထဲကထွက်လာခဲ့တော့သည်။ သူလုပ်နေတဲ့အရာတစ်ခုချင်းဆီကိုမြင်သူတစ်ယောက်လည်းရှိနေခဲ့သည်။
.
.
.
. ''မူးတယ်...!! မူးတယ်..အား...! ခေါင်းတွေကိုက်တယ် ''''မောင်ဘာဖြစ်တာလဲဟင်..ကျွန်တော်ဆရာဝန်ခေါ်ပေးမယ်နော် ခဏမောင် ''
နှင်းဆီမောင်အလျင်အမြန်ပင်ဆရာဝန်ကိုဖုန်းဆက်ရတော့သည်။ ပန်းနုကလည်းထူးမြတ်သာကိုဘာမှမဖြစ်စေဖို့ဆုတောင်းနေရတော့သည်။ နာရီဝက်ကြာတော့ဆရာဝန်ရောက်လာတော့သည်။ဆရာဝန်စမ်းသပ်နေချိန်မို့ သူတို့အပြင်မှာသာစောင့်နေရတော့သည်။ ခဏကြာတော့ဆရာဝန်ကထွက်လာတော့သည်။ နှင်းဆီမောင်မစောင့်နိုင်တော့လို့မေးလိုက်တော့သည်။
YOU ARE READING
မောင်သည်သာ (Completed)
Romance''ချစ်လို့ပိုင်ဆိုင်ချင်ခဲ့တာပါမောင် ဒါကိုအတ္တကြီးတယ်လို့ထင်ရင်ထင်နိုင်ပါတယ်'' uke possessive typeပါ ကြိုက်သူများဖတ်လို့ရပါတယ် မကြိုက်လည်းမဖတ်ပါနဲ့ ''ချစ်လို့ပိုင်ဆိုင်ချင်ခဲ့တာပါမောင် ဒါကိုအတ္တကြီးတယ်လို့ထင်ရင်ထင်နိုင်ပါတယ်'' uke possessive typeပါြ...