Part28 U/Z

64 2 0
                                    

''ရွှေတောင်မဝေး၊ မန္တလေးမှတစ်ကွေးထောင့်ချိုး မြင်ထင်မိုးသား ''

ဇေယျာတယောက် စင်းချွင်ယဥ်ဆိုတဲ့နေရာလေးမှာရပ်ကာ မန္တလေးကဗျာတပုဒ်ကိုစာဖွဲ့နေမိတော့သည်။ စင်းချွင်ယဥ်ဆိုတာက လင်းလက်သောမြို့ပြလမ်းများကိုတရိပ်ရိပ်ဖြတ်သန်းနေသောလူစည်ကားရာနေရာတခုဖြစ်သည်။ စင်ချွင်ယဥ်ရောက်ပြီဆိုတာနဲ့လူပေါင်းများပြားစွာ လမ်းပေါ်ထွက်ကာစည်ကားအဆုံးညဖြစ်တော့သည်။ ဇေယျာကတော့လာမြဲနေကျခုံမှာဝင်ထိုင်လိုက်တော့ဘေးကထူးမြတ်သာကလည်းသူနဲ့အတူထိုင်လိုက်တော့သည်။ နှစ်ယောက်သားညလမ်းမပေါ်ကိုကြည့်နေကြတော့သည်။

''ထူးမြတ်သာ.. ''
ဟုဆိုကာဇေယျာမင်းဘက်ကတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တော့သည်။

''ပြောလေ..''

''ဟူး....မင်းနှင်းဆီမောင်နဲ့ပြန်တွေ့တယ်ဆိုဘယ်လိုလဲ မင်းစိတ်တွေအရင်တိုင်းဘဲလား ''

''မဟုတ်ဘူး..ငါ..ငါသူ့ကိုမချစ်တော့ဘူး ငါသူ့ကိုမုန်းတယ် သူ့ကြောင့်အမေ့ရဲ့နောက်ဆုံးနေ့ကိုတောင်ငါမမှီခဲ့ဘူး..''

''..အချစ်ဆိုတာလုပ်ယူလို့မရဘူး.သို့ပေသည့်...နှင်းဆီမောင်နဲ့မင်းနဲ့က ကွာမရှင်းရသေးဘူးမလား ''

''ဟုတ်တယ်..ငါသူနဲ့အဲ့အကြောင်းပြောရအုံးမှာ ဒီဘဝတော့ဒီလောက်ဘဲရှိစေတော့ ''

သူငယ်ချင်းနှစ်ယောက်တယောက်ကိုတယောက်ပခုံးဖက်ကာ သက်ပြင်းရှည်ကြီးကိုချနေတော့သည်။ လမ်းမညမှာရှိတဲလူတချို့ကပျော်ရွှင်နေချိန် ထိုလူနှစ်ယောက်မှာတော့တယောက်ကိုယ်တယောက်အပူမီးတွေကပ်ရှိီုလို့နေတယ်။

.
.
.
.
.
''သခင်လေး..''

''ရလာပြီလားဦးထွန်းအောင် ''

''ဟုတ်ကဲ့ထူးမြတ်သာက အရင်နေရာမှာဘဲနေပါတယ်။ဒါပေမဲ့သူက ကျွန်တော်တို့နဲ့အပြိုင်စက်ရုံတခုကစာရင်းဌားပါ..။ ပြီးတော့သူနဲ့အဲ့စက်ရုံပိုင်ရှင်ရဲ့သမီးနဲ့က ဘာလိုလိုဆိုပြီးစျေးမှာပျံနေပါတယ်...။ဟိုနေ့ကတွေ့တဲ့လူနဲ့ကသူငယ်ချင်းပါ ''

''ကျေးဇူးပါဦးထွန်းအောင် ဒါဆိုညနေကျရင်အဲ့စက်ရုံကိုကျွန်တော်သွားချင်တယ်။လိုက်ပို့ပေးပါ ။ ''

မောင်သည်သာ (Completed)Where stories live. Discover now