Part15 U/Z

80 2 0
                                    

🎼မြတ်နိုးသူရယ်...🎤
ချစ်မိုးစွေခဲ့တယ် ...
ဘုံကြိုးပြတ်တဲ့သူဇာနတ်မျိုးနွယ်..🎼🎼
မျက်မာန်တော်...🎼
ညှိုးပါနဲ့ရွယ်ကိုးသူ.
စောင့်စားလို့သာ.. မောင့်မှာမျှော်မိတယ်.. 🎤🎤

🎼🎼🎼🎼🎼🎼..
ခင်ပျို နှမရယ်
ပင်ကိုလှတယ် 🎤
ရွှေအားတော်ငယ်ငယ်.သနားစိတ်နဲ့
ချစ်စမ်းပါကွယ်...🎼

''ရေဒီယိုပိတ်လိုက်တော့.. မင်းမြတ်သူ...!! ''

ဇေယျာမင်း ရေဒီယိုကောက်ဖွင့်လိုက်တဲ့မင်းမြတ်သူကိုလှမ်းအော်လိုက်တော့သည်။ ​ဇေယျာတယောက်စာကျက်စားပွဲပေါ်မှာစာထိုင်ကျက်မယ်လုပ်လိုက်ချိန် ရေဒီယိုကောက်ဖွင့်လိုက်တဲ့သေနာမင်းမြတ်သူကြောင့်တင်းသွားတော့သည်။ တက္ကသိုလ်
ပထမနှစ်စာမေးပွဲကိုရအောင်ဖြေမယ်လို့ကြုံးဝါးထားချိန် ဒီကောင်ကလာလာဖောက်တော့သည်။ ခုလည်းရေဒီယိုကြီးဖွင့်ပြီး ကုတင်ပေါ်မှာဝတ္ထုစာအုပ်ထိုင်ဖတ်နေတော့သည်။ ဇေယျာရှူးရှူးရှဲရှဲဖြင့်ကုတင်ပေါ်မှာငြိမ့်နေတဲ့ကောင်ကိုဘေးကခေါင်းအုံးဖြင့်လှမ်းပေါက်လိုက်ရင်း..

''မသာကောင် ငါစာကျက်နေတယ်လို့ မင်းရေဒီယိုကိုပိတ်ထားစမ်းကွာ ''

မင်းမြတ်သူဝတ္ထုလေးဖတ်၊သီချင်းလေးနားထောင်ရင်းငြိမ့်ကောင်းကောင်းနဲ့နေမယ်လုပ်ချိန် သူ့ကိုခေါင်းအုံးနဲ့လာပေါက်တဲ့ကောင်ကြောင့်ရီကျဲကျဲပြုံးလိုက်သေးသည်။
သူဇေယျာလက်မောင်းကိုခပ်ပါးပါးလေးပုတ်ကာ

''မင်းကလည်းကွာအချင်းချင်းကို ငါအသံတော့လျော့ပေးမယ်အဆင်ပြေတယ်မလား ''

ဆူဆူပုတ်ပုတ်ကြီးဖြင့်ကြည့်နေတဲ့ဇေယျာကြောင့်မင်းမြတ်သူကြိတ်ရီနေတော့သည်။ ဇေယျာကစာနဲ့ပတ်သက်လာရင် တကယ့်လူ ။ ခုလည်းဒီတက္ကသိုလ်ထိတက်လာဖို့သူကြိုးစားလာခဲ့တာလေ။ ငယ်သူငယ်ချင်းတွေမဟုတ်ပေမဲ့ သူ့အကြောင်းတော့အနည်းငယ်သာသိသည်။ ကျောင်းမှာစာအတော်ဆုံးလို့ပြောရင် ဇေယျာနဲ့ထူးမြတ်သာဘဲရှိသည်။ ထူးမြတ်ကအမြဲတမ်းစာကိုဘဲ လုပ်နေတဲ့ကောင်မဟုတ်ပေမဲ့ ဇေယျာဆိုတဲ့ကောင်ကတော့ညဏ်အားနည်းလို့ပိုကြိုးစားရသည်။
ခုလည်းသူစာလုပ်ချိန်ကိုမှ ကျွန်တော့်ဘက်ကမှားတာမို့လျော့ပေးလိုက်သည်။အရင်ကဆိုလျော့ပေးမယ်ကောင်ထဲမပါပါ။
မင်းမြတ်သူ ရေဒီယိုကိုအသံလျော့ပြီးဝတ္ထုဆက်ဖတ်နေတော့သည်။ ခုထိလူတွေကအစွဲ ကြီးတုန်းပင်။ ဝတ္ထုဖတ်ရင်မကြိုက်ကြဘူးလေ ဝတ္ထုဖတ်ရင် စာပေါ်မှာအာရုံမစိုက်တာတို့၊ ချစ်သူကြင်သူထားတတ်မှာတို့ကြောင့်ဖြစ်သည်။

မောင်သည်သာ (Completed)Where stories live. Discover now