Part27 U/Z

62 2 0
                                    

''တောက်စ်....!!! ''

''ဘာဖြစ်တာလဲအကိုကြီး... ''

''ဘာဖြစ်ရမှာလဲ ဟိုကုန်ပွဲ ပိုင်ရှင်ကငါတို့ကိုကျော်နေပီကွ ပီးတော့တကယ်လို့သူသာထပ်ပြီးကျော်ဇောနေမယ်ဆိုငါတို့စီးပွားရေးပျက်သွားမှာ ''

ဦးအောင်ထွန်းသူ့အကိုဖြစ်နေပုံကြောင့်စဥ်းစားမိတော့သည်။ ထိုအတိုင်းသာဆိုသူတို့စီးပွားရေးပျက်နိုင်သည်။ တခြားကုန်သည်တွေနဲ့ဆက်တူလုပ်ကြည့်ပေမဲ့မလုပ်ကြဘဲ။ သူတို့နဲ့အပြိုင်ပွဲရုံနန်းဆိုတဲ့ဆိုင်နဲ့ဘဲကဆက်တူလုပ်ကြသည်။ ထိုပွဲရုံကအဆက်ဆက်တွေရှိတော့ ေရာင်းကောင်းပြီးစီးပွားတက်တာကလည်းမနည်းမနောပင်။ ပိုင်ရှင်ဆိုတဲ့လူကိုတော့သူတို့တခါမှမတွေ့ရသေးပါ။ အဲ့ပိုင်ရှင်ကငယ်သေးတယ်လို့သူလမ်းထဲကနေကြားသည်။ ထိုလူငယ်လေးက တကယ်တော်မဲ့လူလို့ ဦးအောင်ထွန်းတွေးလိုက်တော့သည်။ သူ့အကိုဒေါသထွက်နေလို့ရုံးခန်းထဲကထွက်လာလိုက်တော့သည်။ ရုံးခန်းအပြင်ဘက်ကနေသူ့ထိုင်တဲ့နေရာဆီလျှောက်လာတော့ ခင်မင်ရင်းနှီးစွာပြောဆိုနေကြတဲ့သူ့တူမနဲ့ထူးမြတ်သာကိုပြုံးပြုံးကြီးကြည့်နေမိသည်။ သူပြုံးပြုံးကြီးကြည့်နေတုန်းထူးမြတ်သာကသူ့ကိုလှည့်အကြည့်နဲ့တွေ့တော့သူ့ဆီလျှောက်လာလိုက်သည်။

''ဦးအောင်ထွန်းအဆင်ပြေရဲ့လား သူဌေးကဘာပြောသေးလဲ ''

''ဟူး...မပြေပါဘူးတူကြီးရယ် ဦးတို့နဲ့အပြိုင်ပွဲရုံတခုရှိတယ်။ အဲ့ဒီပွဲရုံကအရမ်းနာမည်ကြီးပြီးရောင်းကောင်းတော့ ဦးအကိုစိတ်တိုတာမဆန်းပါဘူး ကြည့်လုပ်လို့ရပါတယ်..ဒါနဲ့တူကြီးဦးတူမကိုသဘောကျရဲ့လား ''

''ဗျာ့..!! ''

ထူးမြတ်သာအရှေ့ကစာသားတွေကိုနားလည်လိုက်ပေမဲ့နောက်ကစာသားကိုနားမလည်နိုင်ခဲ့ပါ။ သဘောကျလားဆိုတဲ့အဓိပ္ပါယ်ကချစ်နှစ်သက်တယ်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်နေသည်ပြီးတော့ သူကလည်းမြမိုးညိုဆိုတဲ့မိန်းကလေးကို သူရဲ့ချစ်သူမပြောနဲ့ညီမလေးတယောက်ထက်သို့မဟုတ်သူငယ်ချင်းတယောက်ထက်မပိုပါ။ သူ့ကိုမျှော်လင့်တကြီးကြည့်နေတဲ့ ဦးအောင်ထွန်းကိုမျက်နှာငယ်စွာတုံပြန်လိုက်သည်။

မောင်သည်သာ (Completed)Where stories live. Discover now