Part 3 U/Z

172 3 0
                                    

၁၀တန်းကျောင်းသူကျောင်းသားတွေမှာလည်း သူတို့လိုချင်တဲ့မေဂျာရဖို့ကြိုးစားခဲ့ရသည့်အချိန်တွေတွက်ဂုဏ်ယူနေခဲ့ကြသည်။
သူတို့တွေတစ်ယောက်နဲ့တစ်ယောက်ခွဲခွာရမှန်းသိလိုက်ချိန် ကုန်လွန်ခဲ့လေသောအချိန်တွေတွက်နှမြောတသဖြစ်ကြရသည်။
အချင်းချင်းနှုတ်ဆက်ကြရင်း ခွဲခွာရတော့သည်။

မန္တလေးမှာလည်း December လထဲဝင်လာလေလေ အချမ်းဓာတ်လေးနည်းနည်းပါလာသည်။ပြင်ဦးလွင်ကတော့အချမ်းဓာတ်ပိုများဆုံးဖြစ်သည်။အောက်ပြည်အောက်ရွာတွေလည်းအနေများကြပြီး အထက်ညာနဲ့အောက်ညာက တဖက်နဲ့တဖက်ပို့ဆောင်ရေးကောင်းသောနေရာလည်းဖြစ်သည်။
မန္တလေးရဲ့အညာ ထန်းရည်မှာသောက်လို့ကောင်းပြီးမန္တလေးကိုလာသူများကလည်း တသက်မမေ့နိုင်ဖွယ်ဖြစ်နေကြတော့သည်။
အနေများလာလေလေ လွမ်းတယ်လို့ဆိုရပေမဲ့ မန္တလေးမြို့ရဲ့အဓိကနေရာတွေကတော့ ပြောစရာမလိုအောင်လူတွေရဲ့ရင်ထဲမှာအပြည့်ရှိနေကြတော့သည်။

မန္တလေးမြို့ကိုခုနှစ် ၁၈၅၇ခု နှစ်တွင်ကုန်းဘောင်မင်းဆက် ၁၁ဆက်တွင်ဒသမဖြစ်သော မြန်မာ့ဘုရင် မင်းတုန်းမင်းမှ ရဟန်းရှိပြည်သူများကန့်ကွက်သည့်ကြားမှစတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။မန္တလေးမြို့သည်၁၈၈၅ခု နှစ်သီပေါမင်းလက်ထပ် တတိယ အဂ်လိပ်မြန်မာစစ်ပွဲမတိုင်မှီ(၁၈၆၀-၁၈၈၅)တွင်နောက်ဆုံးကျန်ရစ်သည့်လွတ်လပ်သောမြန်မာ့မင်းနေပြည်တော်လည်းဖြစ်သည်။

၁၉၄၈ခု နှစ် အဂ်လိပ်တို့ထံမှလွတ်လပ်ရေးရရှိခဲ့ပြီးနောက် မန္တလေးမြို့သည့်ယဥ်ကျေးမှု ပညာရေးနှင့်စီးပွားရေးတို့၏အဓိကဗဟိုချက်​
ဖြစ်ဆက်လက်တည်ရှိခဲ့သည်။
ယခုချိန်ထိလည်းဆက်သွယ်ရေးလမ်းပန်းကောင်းနေပြီး မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်သည်။လမ်းပန်းဆက်သွယ်ရေးတွေမြင့်မားလာခဲ့ပြီး လူဦးရေအခြေအနေမှာလည်းအစထက်အစတိုးပွားလာခဲ့သည်။ယဥ်ကျေးမှုမှာလည်း ပိုထွန်းကားလာပြီး နိုင်ငံခြားဘုရားဖူးသူတွေလာရောက်သောနေရာတစ်နေရာလည်းဖြစ်သည်။

မန္တလေးမြို့ရဲ့အဓိကစျေးချိုမှာလည်း လှပသောနေရာတစ်နေရာလည်းဖြစ်သည်။
မလှနိုင်တာကတော့ ပိတ်စလေးတွေကိုရင်းရောင်းမကောင်းလို့ထိုင်နေသူဒေါ်ပန်းရဘဲ ဖြစ်သည်။တနေ့ထက်တနေ့အသက်အရွယ်လည်းရလာပြီမို့ သားနဲ့သမီးတွက်စိတ်ပူရတာ မနည်းပင်။အရွယ်ရောက်တော့သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ဆိုသလို သူ့သားနဲ့သမီးတွက်အကောင်းဆုံးလက်တွဲကို သူမတွေ့စေချင်သည်။သူမ ဆိုင်သိမ်းရင်းသူမနဲ့တူစျေးရောင်းသော ဒေါ်တုတ်မနဲ့ ဒေါ်ကြည်တို့ကိုနှုတ်ဆက်ရင်းအပြန်ခရီးကိုစတင်ခဲ့သည်။

မောင်သည်သာ (Completed)Where stories live. Discover now