Part23 U/Z

64 2 0
                                    

တီ..တီ..

မနက်၅နာရီလည်းရောက်ရော နှိုးစက်သံကြောင့်နှိုးလာတော့သည်။ ထူးမြတ်သာစောင်တွေသိမ်းရင်းရေထချိုးလိုက်တော့သည်။ ပြင်ဦးလွင်နဲ့ညောင်ဦးကအပူချိန်မတူညီမှုကြောင့်နေရာထိုင်ခင်းကအစမတူညီကြပါ။ ပြင်ဦးလွင်မှာက၁၂ရာသီလုံးအေးနေတာမို့ အနွေးထည်၊မာဖလာတို့ဝတ်ရသည်။အိပ်တာ၊ထိုင်တာကအစအမွှေးပွကောဇောလေးနဲ့ထိုင်ရသည်။ ညောင်ဦးကတော့ နွေရာသီလိုပင်။မနက်ပိုင်းလည်းရေထချိုးပြီးလျှင်ယပ်တောင်တဖျက်ဖျက်ဖြင့်ခတ်ရတော့သည်။ ထိုပေမဲ့လည်းကျွန်တော်တို့နေတဲ့ခြံထဲမှာသရက်ပင်ကြီးတစ်ပင်ရှိလို့အရိပ်အာဝသရပြီး နေခင်းပိုင်းအဲ့အပင်အောက်ကွပ်ပျစ်ပေါ်မှာအိပ်ကြတော့သည်။

ထူးမြတ်သာရေမိုးချိုးနှင်းဆီကိုနှိုးပြီးအလုပ်သာသွားတော့သည်။ သူအလုပ်လုပ်တဲ့နေရာကလူတွေကအစခင်ဖို့အရမ်းကောင်းသည်။ နှင်းဆီကိုပေါင်မုန့်ဖုတ်ဆိုင်မှာမလုပ်စေချင်တာက အမျိုးသားတော်တော်များများလာဝယ်ကြတာကတကြောင်း၊သူ့ယောကျ်ားအလှကိုငေးနေမှာကတကြောင်းသာဖြစ်သည်။ ဇေယျာအဒေါ်ဒေါ်ဌေးသီမှာနှင်းဆီမောင်ကိုထူးမြတ်သာရှေ့မှာမခေါ်ရဲပါ။ တော်ကြာသူ့ယောကျ်ားကိုလာခေါ်နေတယ်ဆိုရင်းပြောလွှတ်တော့မည်။တခါတရံဒီအကြောင်းတွေကိုတက္ကသိုလ်တက်နေတဲ့တူကြီးဇေယျာကို သူ့သူငယ်ချင်းအကြောင်းလှမ်းပြောရတာအမောပင်။

''နှင်းဆီဒါဆိုမောင်သွားတော့မယ်.စိတ်ချမယ်နော် ''

''တာ့တာမောင်..''

နှင်းဆီမောင်ခြံထဲကနေထွက်သွားသည့်မောင်ကျောပြင်ကိုမြင်ပြီးထဲက လစ်ခနဲဆိုဒေါ်ဌေးသီတို့ခြံထဲဝင်လာတော့သည်။ အိမ်ချင်းက၂အိမ်ခြားဘဲကွာလို့တော်သေးသည်။အရေးရယ်အကြောင်းရယ်ဆို ဘေးမှာအသိအိမ်ရှိတော့တော်သေးသည်။နှင်းဆီမောင်ခြံထဲဝင်ပြီးမှသာသက်ပြင်းချတော့သည်။ ဒေါ်ဌေးသီကမုန့်တွေဖုတ်ပြီးလို့ မြို့ထဲကဆိုင်မှာမုန့်တွေနေရာဖို့ဘဲရှိတော့သည်။ ဆိုက်ကားသည်ဦးလေးကြီးနဲ့တူ မြို့ထဲကိုဝင်လာတော့သည်။ မြို့ထဲကသိပ်ခေတ်ရှေ့မပြေးသေးလို့ လမ်းဟောင်းတိုင်းဆိုက်ကားဖြင့်လိုက်ပါလာတော့သည်။ ဆိုင်ရောက်တော့မှ မုန့်တွေသူ့အတန်းနဲ့သူချပြီးရောင်းတော့သည်။ တနေရာကဆိုင်းဘုတ်အရောက်မှာနှင်းဆီမောင်ထိန့်လန့်သွားတော့သည်။အနီးကပ်သွားကြည့်လေ သေချာနေသည့်သူရဲ့ပုံ။သူကပ်ထားတဲ့စာကိုယူလိုက်ရင်းအကျီထဲသိမ်းထားလိုက်ကာဆိုင်ရဲ့နောက်ဘက်စတိုခန်းထဲသို့ဝင်လာတော့သည်။ အကျီထဲကဖွက်ထားတဲ့စာကိုထုတ်ကာဖတ်လိုက်ချိန်

မောင်သည်သာ (Completed)Where stories live. Discover now