Part25 U/Z

134 3 0
                                    

''ပန်းနု..''

ပန်းနုအမေ့ကိုစောင့်ကြည့်နေရင်းအမသီရိမေကထမင်းချိုင့်လေးကိုင်ရင်းရောက်လာတော့သည်။ အမသီရိမေကသူ့ကိုခုတလောပိုင်းစောင့်ရှောက်သည် ဆေးကျောင်းကိုတော့၁ပတ်မှ၅ရက်လောက်သာသွားဖြစ်တော့သည်။ အမကိုကြည့်ပြီးပန်းနုအားနာလှသည်။ အမယွန်းကိုကိုကတော့ scrivel သမားမို့ လက်တွေ့ဆင်းရတာတွေရှိသည်။ ပန်းနုထမင်းချိုင့်ကိုထုတ်နေတဲ့အမသီရိမေကိုကြည့်ကာ..

''အမမလုပ်နဲ့တော့ပန်းနုလုပ်ပေးမယ် ''

''ရပါတယ်ပန်းနုရယ် အမလုပ်ပေးစေချင်လို့ပါ ပြီးတော့အမကနောက်၃လတက်ပြီးရင်ကျောင်းကပိတ်ပြီလေ ပန်းနုသာစာကိုကြိုးစားရမယ်နော် ''

''ဟုတ်ပန်းနုကြိုးစားပါ့မယ် အမတို့ရှိနေလို့သာပန်းနုရှင်သန်နိုင်တာပါ ပန်းနုကျေးဇူးတင်ပါတယ် ''

''ကိစ္စမရှိပါဘူးပန်းနု ဒါဆိုအမပြန်လိုက်အုံးမယ် အန်တီလည်းသတိရတော့မယ်မလား ''

''ဟုတ်ကျေးဇူးပါ ''

သီရိမေတယောက်ပန်းနုခေါင်းကိုပွတ်ကာထွက်လာလိုက်တော့သည်။ သူမပန်းနုကိုချစ်တဲ့အချစ်ကဘာနဲ့မှမလဲနိုင်ပါ။ ပန်းနုပေါ်ထားရှိတဲ့အချစ်တွေကြောင့်ပန်းနုဘဝလေးလှပပါစေဖို့သူမအမြဲတမ်းလုပ်ပေးချင်သည်။ အဲ့လောက်ထိပန်းနုကိုသူချစ်သည်။

ပန်းနုလည်းအမေ့ဝေယျာဝစ္စတွေလုပ်ပေးရင်းပြန်သတိရလာဖို့စောင့်နေတော့သည်။ နာရီဝက်ကြာတော့အမေကသတိရလာပြီးလက်တွေလည်းလှုပ်လာကာစပြုသည်။ သူမဆရာဝန်ကိုခေါ်လိုက်တော့ ရောက်လာကြတော့သည်။ အမေ့ကိုစမ်းသပ်ပေးကြပြီးသူကိုကြည့်ကာ

''သတိရပါပြီလူလဲအခြေအနေကောင်းပါတယ်.. ကင်ဆာဆိုတဲ့ဆေးတွေသောက်ရမှာအများကြီး ဆိုတော့လူနာကိုဂရုစိုက်ပေးကြပါ ''

''ဟုတ်ကဲ့ဒေါက်တာ ''

ဒေါက်တာလည်းသူတို့သားအမိကိုသနားသည်။ အရင်တစ်ပတ်ထဲက ဒီလိုကမောက်ကမှတွေကြောင့် ဆေးရုံထက်ရောက်ရပြန်သည်။ ထိုကိစ္စတွေရဲ့အစကဟိုသူငယ်လေးကြောင့်မှန်းသူရိပ်မိလာတော့သည်။ မိသားစုဝင်မဟုတ်တော့သူကြည့်နေယုံမှအပါးဘာမှမတတ်နိုင်ချေ။

မောင်သည်သာ (Completed)Tempat cerita menjadi hidup. Temukan sekarang