အပိုင်း(၉)

Zacznij od początku
                                    

"ရပါတယ်ရှင်"

"ဒါဆို ကျနော် ရေလေးအပြေးသွားချိုးလိုက်ပြီနော်"

ကိုသက်ငြိမ်ရေဝင်ချိုးကာမှ နုငယ် လွတ်လွတ်လပ်လပ် စပ်စုပစ်လိုက်သည်။

ဧည့်ခန်းမှာရှိတဲ့ နံရံမှာ ဓာတ်ပုံ အသေးလေး(၃) (၄)တော့တွေ့သည်။

ကိုသက်ငြိမ်နှင့် တခြားမိန်းကလေးတစ်ယောက်နဲ့။

တချို့ပုံမှာ မင်္ဂလာဆောင်ဝတ်စုံနဲ့ဆိုတော့ ခဏကပြောတဲ့ ဆုံးသွားတဲ့ သူ့အမျိုးသမီးလားပဲ။

ပုံထဲမှာ ကိုသက်ငြိမ်က နုနယ်ပျိုမြစ်ပြီး ချောမောခန့်ညားနေသည်။

ဘေးက အမျိုးသမီးလည်း ခပ်လှလှလေးပင်။

စားပွဲပေါ်မှာ ဘီယာဘူးခွံအချို့နဲ့ သောက်လက်စဆေးလိပ်တိုလေးတွေရှိနေသော နုငယ် သူမဝသီအရ မနေနိုင်။

အကုန်လုံးကို ရှင်းလင်းပစ်လိုက်သည်။

ဖုန်တွေခါလိုက်ပြီး ဘူးခွံ၊ အမှိုက်ခွံတွေကို စုကာ မီးဖိုချောင်ဆီက အမှိုက်ပုံးဆီ လွှင့်ပစ်လိုက်သည်။

အခုမှပဲ ရှင်းသွားတော့သည်။

ထိုစဉ် လတ်ဆတ်သော ဆပ်ပြာအနံ့တစ်ခု နုငယ်ရလိုက်သည်။

"ညီမ အမှိုက်လှဲနေတာလား။ အားနာလိုက်တာဗျာ"

"ရပါတယ်။ ကျမလည်း မနေနိုင်တာနဲ့ ဝင်ရှင်းပစ်လိုက်တာ"

ရေချိုးပြီး ထွက်လာသော ကိုသက်ငြိမ်က စပို့ရှပ် အစိမ်းရောင်နဲ့ စတိုင်ဘောင်းဘီ အမည်းဝတ်ထားသည်။

သူ ရေချိုးရင်း မုတ်ဆိတ်မွှေးနဲ့ နှုတ်ခမ်းမွှေးကိုပါ ရိတ်သင်ခဲ့ဟန်တူသည်။

အခုမှ ရှင်းသန့်သော သူ့ရုပ်အခံကို မြင်ရသည်။

အစက တောပုန်းဓားမြလိုလို ညှင်းသိုးသိုးနဲ့။

"လာ...သွားမယ်။ ညီမစောင့်နေရလို့ ဗိုက်တော်တော်ဆာနေပြီနဲ့တူတယ်"

"ဘာစားမလဲ....ထိုင်းအစားအစာလား၊ တရုတ်အစားအစာလား"

"ကျမ ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်"

ငယ်သူမို့Opowieści tętniące życiem. Odkryj je teraz