အပိုင်း (၃၇၅) နှစ်ယောက်က အသားကင်တစ်ခုထဲကို ကိုက်လိုက်တယ်

Start from the beginning
                                    

ဖူကျို့: ... ပိုင်ရှင်အန်တီ၊ အန်တီ့အပြုံးက သိပ်သိသာလွန်းတယ်နော်။

ချင်မော့သည် ပြုံးလိုက်ပြီး ဘာမှမပြောဘဲ ဖူကျို့ရှေ့တွင် သူ့အသားကို မြိန်ရည်ရှက်ရည် စားနေတော့သည်။

အသား၏ ဆွဲဆောင်ခြင်းခံရသည်မှ လွတ်မြောက်ရန် ဖူကျို့သည် အလုပ်အကြောင်း ပြောဖို့ ဆုံးဖြတ်လိုက်၏။

“ အစ်ကိုမော့ ဟီးရိုးထဲက ဇာတ်ကောင်စကေးနဲ့ လက်နက်ပေါင်းစပ်ပုံ ဘယ်နခု နင်မှတ်မိလဲ”

သူမသည် ကြီးမြတ်လှသည့်သခင်လေး၏ ခွန်အားအစစ်အမှန်ကို သိမှာသာ သူနှင့် ပိုတွဲဖက်ညီကာ လုပ်ကိုင်နိုင်ပေမည်။ နောက်ဆုံးတွင် အပျော်တမ်းကစားခြင်းသည် နိုင်ငံအဆင့်ပြိုင်ပွဲတွင် ကစားခြင်းနှင့် လုံးဝယှဥ်နိုင်သည့်အရာမဟုတ်ချေ။

ချင်မော့သည် သူ့ဝိုင်ခွက်ကို ချလိုက်ပြီး စကားသုံးလုံးကိုသာ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“အားလုံးပဲ”

ဖူကျို့သည် တိတ်ဆိတ်သွားတော့၏။

သူတို့ဘေးစားပွဲမှ အော်ရယ်သံတစ်ခု ဖောက်ထွက်လာ၏။ သူတို့အားလုံးသည် ခေါင်းတခါခါ လည်တခါခါဖြင့် သူတို့၏မယုံကြည်ပုံကို သရော်လှောင်ပြောင်ကာ ပြနေလေသည်။

ဟီးရိုးကို ကစားသူတိုင်းသည် ဂိမ်းထဲတွင် ဇာတ်ကောင်များစွာနှင့် စကေးများစွာရှိသည်ကို သိကြပြီး လက်နက်အမျိုးမျိုး ပေါင်းစပ်ခြင်းကိုတော့ ထည့်ပြောရန်ပင်မလိုပေ။

သည်လူက ဘယ်လိုပါရမီရှင်မလို့ ဒါတွေအားလုံးကို မှတ်မိနိုင်မှာလဲ။

ဂူဂယ်ခေါက်ပြီးရလာတဲ့ အချက်အလက်တွေတောင် အဲလောက်စုံမှာမဟုတ်ဘူး။ အရူးလာလုပ်နေရအောင် သူ့ဟာ သူ ဘာထင်နေတာတဲ့လဲ။

ဖူကျို့သည် ထိုရယ်နေသူကို နားလည်ပေးလိုက်ပြီး သူမ၏ခေါင်းကို စောင်းကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်သွားပြီး သူတို့ကို လျစ်လျူရှုထားလိုက်လေသည်။

သူမသည် ကြီးမြတ်လှသည့်သခင်လေးကလည်း စိတ်ထဲထည့်မည်မဟုတ်ဟု တွေးလိုက်၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now