အပိုင်း (၁၂၈)

Comenzar desde el principio
                                    

ထိုစကားများ ကြားပြီနောက် ပိုင်လီသည် ထိုမိန်းမငယ်လေးက သူ့ကိုကပ်ချွဲပြီးနေတတ်သည့် သူ့ညီမငယ်လေးမှ ဟုတ်ရောဟုတ်ရဲ့လားဆိုတာကို မစဥ်းစားပဲမနေနိင်အောင် ဖြစ်သွားတော့သည်။

သူက ရှောင်ဟန်ကို ခပ်တိုးတိုးနဲ့ ပြောလိုက်ပါတယ်။

"သူမက ကိုယ်တို့မိသားစုက ရှောင်မိန်လေးတော့ ဟုတ်တယ်မလား ဘယ်တုန်းက ဒီလောက်ထိ ရန်ဖြစ်တာ တော်သွားရတာလဲ"

ရှောင်ဟန်ကတော့ ပိုင်လီလိုမျိုး စိတ်ဝင်စားနိုင်ခြင်း မရှိပေ။ ရှောင်မိန်က မိန်းမငယ်လေးပဲ ရှိပါသေးတယ်။ ရန်ဖြစ်တာက သူမလေးအတွက် မကောင်းနိုင်ပါဘူး။ ရှောင်ဟန်က ပိုင်မိန်ကို တစ်ဖက်က စကားနဲ့ပဲဖြစ်ဖြစ် လက်နဲ့ပဲဖြစ်ဖြစ် နာကျင်စေမှာကိုမလိုလားဘူး။

ဒါကြောင့် သူက.....

"ခင်ဗျား သူမကို အမြန်ပြန်ခေါ်လိုက်ပါ သူမက မိန်းမငယ်လေးပဲရှိသေးတယ်"

ပိုင်လီကလည်း ရှောင်ဟန် ဘာကိုပြောချင်လဲဆိုတာသိသဖြင့် သူကခေါင်းငြိမ့်လိုက်လေသည်။

အဲဒီအချိန် ဟိုဘက်မှာတော့ ပိုင်မိန်ရဲ့ အမဲဖျက်လိုက်မယ် ဆိုတဲ့စကားကြောင့် ကုန်သည်ချင်ရဲ့ဇနီးက ကြောက်လန့်တကြားနဲ့ နောက်ဆုတ်လိုက်တာ ခုံပေါ်ကို ထိုင်လျက်သားပြုတ်ကျသွားခဲ့ပြီး သူမက ပိုင်မိန် အလွန်ဒေါသတကြီးနှင့်ကြည့်နေခဲ့၏။

"နင်ကများ! နင်လုပ်ရဲလို့လား!!"

ပိုင်မိန်မှာမူ တစ်ဖက်အမျိုးသမီး၏ ဖြူစုတ်နေသည့် မျက်နှာအားကြည့်ကာ အလွန်ကျေနပ်နေခဲ့လေသည်။ အဲဒီအချိန်မှာပဲ သူမက သူမအစ်ကိုရဲ့အသံကိုကြားလိုက်ရပါတယ်။

"ရှောင်မိန် ပြန်လာတော့လေ မင်း ရွေးလို့ပြီးပြီမလို့လား သူမက မင်းရဲ့လက်ဝတ်ရတနာတွေလောက် အရေးကြီးလို့လား"

ဘေးရှိ အမျိုးသမီးစန်းသည် ဒီမောင်နှမ၏ ထိုးနှက်နိုင်စွမ်းက တကယ်ကို အင်အားကြီးသည်ဟု မတွေးဘဲမနေနိုင်ပေ။ စကားလုံးတိုင်းမှာ ထိုးနှက်ချက်တွေအပြည့်ပါပဲ။

ပိုင်လီရဲ့စကားကြားမှ ပိုင်မိန်ကလည်း သူမအခုထိရွေးလို့မပြီးသေးတာ အမှတ်ရသွားပြီး ပိုင်လီတို့နားပြန်ရောက်လာတော့၏။ နောက်တော့ ယွီလျန်ဟွားရဲ့ဒုတိယထပ်မှာ ရှိတဲ့လူတိုင်းက ကုန်သည်ချင်ရဲ့ဒုတိယဇနီးကို ဂရုမစိုက်ကျတော့ပေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝDonde viven las historias. Descúbrelo ahora