ဒါပေမယ့် လူငယ်ပီပီ ဖေဖေတို့ မိုက်ခဲ့ကြတယ်~ခိုးပြေးခဲ့ကြပြီး ဒီမြို့ကို ရောက်လာကြတယ်~ဖေဖေက နဂိုကတည်းက တစ်ကောင်ကြွက်ဖြစ်လို့ ဘာမှ မဖြစ်ပေမယ့် သားမေမေရဲ့ မိသားစုကတော့ သူ့ကို လုံးဝအဆက်ဖြတ်ခဲ့ကြတယ် အမွေဖြတ်စွန့်လွှတ်ခဲ့တယ်~ဖေဖေတို့ အိမ်ထောင်သက်တမ်းတစ်လျှောက်လည်း ဖုန်းလေးတစ်ချက်တောင် မဆက်ခဲ့ဘူး~ဒါပေမယ့် မင်းမေမေက တစ်ချက်မမှုဘဲ ဖေဖေ့အနားမှာ အေးအတူပူအမျှ နေပေးခဲ့တယ် နောက်ဆုံး မင်းကိုလွယ်ထားတဲ့ အချိန်မှာ ဖေဖေ ထောင်ကျခဲ့တာ~"

"တကယ် လူသတ်ခဲ့တာလား"

"ဖေဖေ့လို ဘာမှ မရှိတဲ့သူက သူတို့လက်ခုပ်ထဲက ရေပါပဲ သားရယ် ဒီအမှုက ဖေဖေတောင် ဘာမှ မသိလိုက်ရဘဲ ဖြစ်သွားတာ~ပြောရရင် ချောက်ချခံရတာ"

"အခု ပြောခဲ့သမျှ အကုန်အမှန်တွေပဲလား~ကျွန်တော့်အမေက အခု ဘယ်မှာလဲ"

"မင်းမေမေက လွန်ခဲ့တဲ့ ခြောက်နှစ်က ဆုံးသွားခဲ့ပြီ~သူဘာလို့ ဖေဖေ့ကို မင်းသေသွားပြီလို့ ပြောခဲ့တာလဲ ဖေဖေလည်း နားမလည်နိုင်ခဲ့ဘူး"

"ဘယ်နှနှစ် ကျန်သေးလဲ"

"ဘာကို အော် မသိတော့ပါဘူး အပြင်မှာလည်း ဘာလုပ်ရမှန်းမသိမယ့် အတူတူ ဒီထဲမှာပဲ အရိုးဆွေးသွားတာ ဖေဖေ့အတွက် ပိုမကောင်းဘူးလား"

"ဒါပေမယ့် မတရားမှုလေ ပြန်မတိုက်ခိုက်တော့ဘူးလား"

"ဖေဖေတို့ ကြိုးစားခဲ့ပြီးပြီ ဟိုဖက်က ဖေဖေတို့ ဘယ်လိုမှ မယှဉ်နိုင်တဲ့သူတွေ"

"ကျွန်တော့်ကို အသေးစိတ်ပြောပြပေးမလား"

"ရပါတယ်~ဒါပေမယ့် ဒီနေ့တော့ နောက်ကျနေပြီ မဟုတ်လား"

"ဒါဆို ကျွန်တော် ပြန်လိုက်အုံးမယ် မနက်ဖြန် ပြန်လာခဲ့မယ်~"

"အင်း ဂရုစိုက်ပြန်"

"ကျွန်တော် ဒီထဲက ရအောင် ထုတ်ပေးမယ် ဖေဖေ့ကို"

ဆိုပြီး ထွက်သွားတဲ့ ကောင်လေးရဲ့ ကျောပြင်ကို ကြည့်ရင်း ဂျိမ်းစ် မျက်ရည်ကျမိတယ်~သူသာ မတုံးအခဲ့ရင် သူရယ် လီလီရယ် ဒီကလေးလေးရယ် အေးချမ်းတဲ့ မိသားစုလေး ဖြစ်နေနိုင်ခဲ့မှာကို~

~DON'T BLAME ME~Where stories live. Discover now