နောက်ကစကားတွေကို ဟယ်ရီ မကြားနိုင်တော့ပါ~သူ့အဖေကို ထောင်ထဲ ရောက်အောင် လုပ်တဲ့ တရားခံ သူတို့မိသားစုကို ရှင်ကွဲကွဲအောင် လုပ်ခဲ့တဲ့ တရားခံက အခု သူသိပ်ချစ်ပါတယ် ဆိုတဲ့ Daddy မိသားစုလား~

"ကျွန်တော် ပြန်လိုက်အုံးမယ်"

စကား ပြန်လာတာတောင် မစောင့်ဘဲ အပြင်ကို ထွက်လာတော့ ကားတံခါးကို မှီရင်း မျက်လုံးကို ပွတ်ကာ စောင့်နေတဲ့ Daddy~

ဘယ်လိုလုပ်ရမလဲ သူ ဝဋ်လည်တာလား မကောင်းမှုတွေ လုပ်ခဲ့လို့ ဒဏ်ခတ်ခံရတာလား~

သူ့ကို မြင်တော့ ကားနားကနေ သူ့စီကို လျှောက်လာတဲ့ Daddy ~

Daddy ရှေ့တစ်လှမ်းတိုးလာတိုင်း သူနောက်ကို တစ်လှမ်းဆုတ်မိနေတယ်~နောက်ဆုံး နံရံပဲ ကျန်တော့တဲ့ အထိ~တဖြည်းဖြည်း သူ့အနားကို ရောက်လာတဲ့ Daddy မျက်နှာဟာလည်း သူ့အမြင်အာရုံမှာ ဝေဝါးနေပြီ~

"ဘေဘီ ဘာဖြစ်ခဲ့..."

"ထွက်သွား!!!!"

"ဘေဘီ~"

"ကျွန်တော့်နားမလာနဲ့ ထွက်သွား~"

မျက်ရည်တွေကိုလည်း ထိန်းမနိုင်တော့သလို ထိန်းဖို့ရန်လည်း မကြိုးစားတော့ပါ~သူခြေထောက်တွေကလည်း အားမရှိစွာ မြေကြီးပေါ်ကို ထိုင်ချလိုက်တယ်~ဘာကိုမှလည်း ဆက်မတွေးချင်တော့ဘူး~

အရှေ့က သူ့ကို စိတ်ပူစွာ မေးခွန်းတွေ တရစပ်မေးနေတာကိုလည်း သူမကြားနိုင်တော့~မကြာခင်မှာ လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားတော့တယ်~

~~~~~~~~~~~~~~~~
မုန်တိုင်း မုန်တိုင်း!!

ပြန်ပေါ်လာပါပြီ ဖတ်တဲ့သူတောင် မရှိတော့ဘူး ထင်ပါရဲ့ ဟဲဟဲ




Hope u enjoy 😉

~~~~~~~~~~~~~~~

Zawgyi

"ဂျိမ်းစ် ပေါ်တာ ဧည့်တွေ့လာတယ်!"

ဒီနှစ်တွေထဲမှာ လီလီ ဆုံးသွားပြီးကတည်းက ဘယ်သူ့မှ လာတွေ့သူ မရှိတဲ့ သူ့အတွက် အထူးအဆန်းဖြစ်နေသည်။ခေါ်ရာနောက်ကို လိုက်သွားတော့ ကောင်လေးတစ်ယောက်~

မြင်မြင်ချင်း ထိတ်လန့်မှုနဲ့အတူ ခေါင်းထဲမှာလည်း အတွေးပေါင်းများစွာ ပြေးလွှားနေတယ်၊ကောင်လေးမှာ လီလီနဲ့ သိပ်တူတဲ့ မြစိမ်းရောင် မျက်လုံးလေးတွေနဲ့ မဟုတ်မှ~

~DON'T BLAME ME~Where stories live. Discover now