ဖေဖေ သေချာ မှတ်မိသေးတယ် မိုးတွေရွာနေခဲ့တာ|အဲ့ဒီနေ့က ဖေဖေ အစောကြီး အိပ်ပျော်နေခဲ့တာ~ရုတ်တရက် အော်သံတစ်ခုကြားလို့ ထွက်ကြည့်တော့ အိမ်က အကူကောင်မလေးတစ်ယောက်နဲ့ သခင်ကြီး ကို တွေ့လိုက်ရတယ်~သခင်ကြီး လက်ထဲမှာလည်း ဓားတစ်ချောင်းနဲ့ သခင်ကြီးက ဖေဖေ့ကိုလည်း မြင်ရော သူကိုင်ထားတဲ့ ဓားကို ဖေဖေ့ဆီ ထိုးပေးပြီး အလုပ်သမားတန်းလျားနောက်မှာ မြေမြုပ်ခိုင်းခဲ့တယ်~
ဖေဖေလည်း ကျေးဇူးရှင် မို့လို့ မတတ်သာဘဲ ခိုင်းသမျှလုပ်ခဲ့တာပေါ့~ဟိုအကူ မိန်းကလေးကိုလည်း သခင်ကြီးက ဆေးရုံ ပို့ပေးလိုက်တယ်။
နောက်နေ့လည်း ကျရော ဖေဖေ့ကို ရဲတွေလာဖမ်းတော့တာပဲ~ဆေးရုံက မိန်းကလေးက သူ့ကို ဓားနဲ့ ထိုးတဲ့လူဟာ ဖေဖေပါ ဓားကိုလည်း တန်းလျားနောက်ဘက်မှာ မြုပ်ထားပါတယ်လို့ ပြောခဲ့တယ်တဲ့~သခင်ကြီးက ဘာမှမလုပ်ပေးခဲ့ဘူး~ဘာလို့လဲ ဟိုမိန်းကလေးက လိမ်ညာထွက်ဆိုခဲ့တာလဲ~ဖြစ်ဖြစ်ချင်း ဖေဖေ့ခေါင်းထဲမှာ အဲ့အကြောင်းအရာတွေပဲ ဖန်တရာတေအောင် တွေးနေခဲ့တာ~နောက်တော့လည်း ဖေဖေ သဘောပေါက်ခဲ့ပါတယ်~ငွေများ တရားနိုင်ဆိုတဲ့ အတိုင်း ဖေဖေက သူတို့ လက်ထဲက ရုပ်သေးရုပ်တစ်ရုပ်သာသာ ဖြစ်ခဲ့တာပေါ့~"
ဖေဖေ စကားပြောလို့ ပြီးသွားတဲ့ အထိ သူဘာစကားမှ ထွက်မလာနိုင်သေးဘူး~သူ သတ်လိုက်တဲ့ သူတွေရဲ့ မိသားစုတွေရော ဒီလိုပဲ ခံစားခဲ့ရတာလား~သူက သူ့အဖေကို ချောက်ချခဲ့တဲ့ လူလိုပဲ မကောင်းတဲ့လူလား|ထို့နောက် အရေးအကြီးဆုံး မေးခွန်းကို သတိရသွားသည့်နယ်~
"အဲ့ဒီ အိမ်တော်ရဲ့ နာမည်ရော ဖေဖေ မှတ်မိလား"
"ဘယ်လိုလုပ် မေ့နိုင်မှာလဲ သားရယ် အဲ့ဒီ အိမ်တော်နာမည်က ....."
ထိုစကားလည်း ကြားပြီးရော ဟယ်ရီ ခေါင်းတစ်ခုလုံး ခြာခြာလည်သွားပါတော့တယ်~ဘာလို့လဲ အများကြီးရှိတဲ့ထဲကမှ ဘာလို့ ဒီနာမည်က ထွက်လာရတာလဲ~
ဟယ်ရီ့အဖေပြောခဲ့တာကတော့~
"ဘယ်လိုလုပ် မေ့နိုင်မှာလဲ သားရယ် အဲ့ဒီ အိမ်တော်နာမည်က မက်ဖွိုင်းအိမ်တော် အဲ့အချိန်အခါတုန်းကတော့ အာဏာ အတော်ရှိခဲ့တဲ့ အိမ်တော်ကြီး တစ်ခုပေါ့ အခုတော့လည်း ဘယ်လိုဖြစ်နေပြီလဲ မသိပါဘူး ဖေဖေလည်း အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေတာ ဆယ်စုနှစ်ကျော်ခဲ့ပြီကိုး~"
ESTÁS LEYENDO
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
Part-16{U/Z}
Comenzar desde el principio
