ကားထဲက ထွက်ပြီး အိမ်ထဲကို ဝင်လာခဲ့တယ်~ခေါင်းထဲမှာလည်း အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ပေါ့~

သူတို့ အိပ်ခန်းထဲရောက်တော့ အိပ်ရာပေါ် ပစ်လှဲလိုက်တယ်~အခုအချိန်မှာ သူ့လက်ချောင်းလေး တစ်ချောင်းကိုပင် မ ဖို့ လေးလံနေတယ်~ဘယ်က စပြီး ဒီလိုတွေ ရှုပ်ထွေးကုန်တာလဲ ကြည့်ရတာတော့ အဖြေက သူမမွေးခင်ကတည်းက ဖြစ်မယ်နဲ့ တူတယ်~ဖေဖေ့ကို ချောက်ချခဲ့တာ ဘယ်သူတွေလဲ~သိတာနဲ့ သူအရှင်ထားမှာ မဟုတ်ဘူး~အခု သူ့အနေအထားနဲ့ဆို အကုန်လုံးအတွက် လက်စားချေပေးနိုင်တယ်~သူ့အဖေအတွက် သူ့အမေအတွက် သူ့အတွက် သူတို့မိသားစုလေးအတွက်~

တစ်ယောက်တည်း အတွေးများနေတော့ မွေ့ရာလေး အိကျသွားတာကို ပင် သတိမထားမိလိုက်~

"ကလေးလေး ဘာတွေ ဖြစ်ခဲ့လို့လဲ"

သူ့ဘေးကို ဝင်လှဲလာတဲ့ Daddy ကို တွေ့တော့ ရင်ခွင်ထဲ တိုးဝင်လိုက်တယ် သူ အားသွင်းဖို့ လိုနေပြီလေ~

"နောက်မှပေါ့ ကျွန်တော်အခု မပြောချင်တော့ဘူး"

"အွန်း ကလေးလေး အိပ်တော့မှာလား"

"အင်း"

အဲ့ဒီနေ့ညက ကောင်လေးနှစ်ယောက်လုံး ခြေလက်ပင် မဆေးဘဲ အိပ်ပျော်သွားပါတော့သည်။

~~~~~~~~~~~
"Daddy~"

"အင်းမ်း ဘေဘီ နိုးပြီလား"

"အင်း မနေ့က ဖေဖေ့ကို တွေ့ခဲ့တယ်....."

ဒရေဂိုလည်း သူ့ကလေးလေး ပြောတာကို တိတ်တဆိတ်သာ နားထောင်ပေးနေလိုက်သည်။

"ကျွန်တော့်ကို ကူညီပေးမလား"

"မေးစရာလိုသေးလို့လား ဘေဘီရာ~"

"ရေသွားချိုးတော့ Daddy"

သူ့ကလေး စကားကို နာခံစွာ ရေဝင်ချိုးလိုက်သည်။ ပြန်ထွက်လာတော့ ကလေးပေါက်စက ရေတောင် ချိုးပြီးနှင့်ပြီ တခြားအခန်းမှာ ချိုးသည်ဖြစ်မည်။

"Daddy ကိုကို့ဆီ လိုက်ပို့ပေးပါလား"

"အင်း သွားကြမယ် ဘေဘီ"

သူတို့နှစ်ဉီး မနက်စာပင် မစားဘဲ ရွန်ဆီ ထွက်လာခဲ့ကြတယ်။လမ်းတစ်လျှောက်လုံးလည်း စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေသော ကောင်လေးကို ကြည့်ရင်း ဒရေဂိုလည်း စိတ်မကောင်း~ဘယ်လောက်တောင် စိတ်ရှုပ်နေမလဲ ဘေဘီရာ~

~DON'T BLAME ME~Where stories live. Discover now