"ဘယ်လို?"
ဟယ်ရီ သူ့အဖေဆိုသောလူ ၏ ပြောစကားကြောင့် စိတ်ရှုပ်မှု ဒီဂရီက နဂိုထက်ပင် မြင့်တက်လာသည်။
"သား အချိန်ရှိရင် ဖေဖေ သိသမျှ အကုန်ပြောပြပေးနိုင်ပါတယ်"
"ပြောပါ"
"မင်းအမေနဲ့ ဖေဖေ တို့က အလုပ်ခွင်မှာတွေ့ခဲ့ကြတာ~မင်းမေမေကတော့ သူဌေးရဲ့သမီးပေါ့~ဒါပေမယ့် ဖူးစာနတ်ရဲ့ အမိန့်ကို မလွန်ဆန်နိုင်စွာနဲ့ ဖေဖေတို့နှစ်ယောက် ချစ်မိခဲ့ကြတယ်~ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေမှန်းလည်း ဖေဖေတို့ သိခဲ့ပါတယ်~မင်းမေမေရဲ့ အိမ်က ဖေဖေ့လို ဆင်းရဲသားနဲ့ သူတို့သမီးကို လုံးဝသဘောမတူခဲ့ဘူး~
ဒါပေမယ့် လူငယ်ပီပီ ဖေဖေတို့ မိုက်ခဲ့ကြတယ်~ခိုးပြေးခဲ့ကြပြီး ဒီမြို့ကို ရောက်လာကြတယ်~ဖေဖေက နဂိုကတည်းက တစ်ကောင်ကြွက်ဖြစ်လို့ ဘာမှ မဖြစ်ပေမယ့် သားမေမေရဲ့ မိသားစုကတော့ သူ့ကို လုံးဝအဆက်ဖြတ်ခဲ့ကြတယ် အမွေဖြတ်စွန့်လွှတ်ခဲ့တယ်~ဖေဖေတို့ အိမ်ထောင်သက်တမ်းတစ်လျှောက်လည်း ဖုန်းလေးတစ်ချက်တောင် မဆက်ခဲ့ဘူး~ဒါပေမယ့် မင်းမေမေက တစ်ချက်မမှုဘဲ ဖေဖေ့အနားမှာ အေးအတူပူအမျှ နေပေးခဲ့တယ် နောက်ဆုံး မင်းကိုလွယ်ထားတဲ့ အချိန်မှာ ဖေဖေ ထောင်ကျခဲ့တာ~"
"တကယ် လူသတ်ခဲ့တာလား"
"ဖေဖေ့လို ဘာမှ မရှိတဲ့သူက သူတို့လက်ခုပ်ထဲက ရေပါပဲ သားရယ် ဒီအမှုက ဖေဖေတောင် ဘာမှ မသိလိုက်ရဘဲ ဖြစ်သွားတာ~ပြောရရင် ချောက်ချခံရတာ"
"အခု ပြောခဲ့သမျှ အကုန်အမှန်တွေပဲလား~ကျွန်တော့်အမေက အခု ဘယ်မှာလဲ"
"မင်းမေမေက လွန်ခဲ့တဲ့ ခြောက်နှစ်က ဆုံးသွားခဲ့ပြီ~သူဘာလို့ ဖေဖေ့ကို မင်းသေသွားပြီလို့ ပြောခဲ့တာလဲ ဖေဖေလည်း နားမလည်နိုင်ခဲ့ဘူး"
"ဘယ်နှနှစ် ကျန်သေးလဲ"
"ဘာကို အော် မသိတော့ပါဘူး အပြင်မှာလည်း ဘာလုပ်ရမှန်းမသိမယ့် အတူတူ ဒီထဲမှာပဲ အရိုးဆွေးသွားတာ ဖေဖေ့အတွက် ပိုမကောင်းဘူးလား"
"ဒါပေမယ့် မတရားမှုလေ ပြန်မတိုက်ခိုက်တော့ဘူးလား"
"ဖေဖေတို့ ကြိုးစားခဲ့ပြီးပြီ ဟိုဖက်က ဖေဖေတို့ ဘယ်လိုမှ မယှဉ်နိုင်တဲ့သူတွေ"
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
Part-16{U/Z}
Start from the beginning
