ဖေဖေလည်း ကျေးဇူးရှင် မို့လို့ မတတ်သာဘဲ ခိုင်းသမျှလုပ်ခဲ့တာပေါ့~ဟိုအကူ မိန်းကလေးကိုလည်း သခင်ကြီးက ဆေးရုံ ပို့ပေးလိုက်တယ်။

နောက်နေ့လည်း ကျရော ဖေဖေ့ကို ရဲတွေလာဖမ်းတော့တာပဲ~ဆေးရုံက မိန်းကလေးက သူ့ကို ဓားနဲ့ ထိုးတဲ့လူဟာ ဖေဖေပါ ဓားကိုလည်း တန်းလျားနောက်ဘက်မှာ မြုပ်ထားပါတယ်လို့ ပြောခဲ့တယ်တဲ့~သခင်ကြီးက ဘာမှမလုပ်ပေးခဲ့ဘူး~ဘာလို့လဲ ဟိုမိန်းကလေးက လိမ်ညာထွက်ဆိုခဲ့တာလဲ~ဖြစ်ဖြစ်ချင်း ဖေဖေ့ခေါင်းထဲမှာ အဲ့အကြောင်းအရာတွေပဲ ဖန်တရာတေအောင် တွေးနေခဲ့တာ~နောက်တော့လည်း ဖေဖေ သဘောပေါက်ခဲ့ပါတယ်~ငွေများ တရားနိုင်ဆိုတဲ့ အတိုင်း ဖေဖေက သူတို့ လက်ထဲက ရုပ်သေးရုပ်တစ်ရုပ်သာသာ ဖြစ်ခဲ့တာပေါ့~"

ဖေဖေ စကားပြောလို့ ပြီးသွားတဲ့ အထိ သူဘာစကားမှ ထွက်မလာနိုင်သေးဘူး~သူ သတ်လိုက်တဲ့ သူတွေရဲ့ မိသားစုတွေရော ဒီလိုပဲ ခံစားခဲ့ရတာလား~သူက သူ့အဖေကို ချောက်ချခဲ့တဲ့ လူလိုပဲ မကောင်းတဲ့လူလား|ထို့နောက် အရေးအကြီးဆုံး မေးခွန်းကို သတိရသွားသည့်နယ်~

"အဲ့ဒီ အိမ်တော်ရဲ့ နာမည်ရော ဖေဖေ မှတ်မိလား"

"ဘယ်လိုလုပ် မေ့နိုင်မှာလဲ သားရယ် အဲ့ဒီ အိမ်တော်နာမည်က ....."

ထိုစကားလည်း ကြားပြီးရော ဟယ်ရီ ခေါင်းတစ်ခုလုံး ခြာခြာလည်သွားပါတော့တယ်~ဘာလို့လဲ အများကြီးရှိတဲ့ထဲကမှ ဘာလို့ ဒီနာမည်က ထွက်လာရတာလဲ~

ဟယ်ရီ့အဖေပြောခဲ့တာကတော့~

"ဘယ်လိုလုပ် မေ့နိုင်မှာလဲ သားရယ် အဲ့ဒီ အိမ်တော်နာမည်က မက်ဖွိုင်းအိမ်တော် အဲ့အချိန်အခါတုန်းကတော့ အာဏာ အတော်ရှိခဲ့တဲ့ အိမ်တော်ကြီး တစ်ခုပေါ့ အခုတော့လည်း ဘယ်လိုဖြစ်နေပြီလဲ မသိပါဘူး ဖေဖေလည်း အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေတာ ဆယ်စုနှစ်ကျော်ခဲ့ပြီကိုး~"

နောက်ကစကားတွေကို ဟယ်ရီ မကြားနိုင်တော့ပါ~သူ့အဖေကို ထောင်ထဲ ရောက်အောင် လုပ်တဲ့ တရားခံ သူတို့မိသားစုကို ရှင်ကွဲကွဲအောင် လုပ်ခဲ့တဲ့ တရားခံက အခု သူသိပ်ချစ်ပါတယ် ဆိုတဲ့ Daddy မိသားစုလား~

"ကျွန်တော် ပြန်လိုက်အုံးမယ်"

စကား ပြန်လာတာတောင် မစောင့်ဘဲ အပြင်ကို ထွက်လာတော့ ကားတံခါးကို မှီရင်း မျက်လုံးကို ပွတ်ကာ စောင့်နေတဲ့ Daddy~

ဘယ်လိုလုပ်ရမလဲ သူ ဝဋ်လည်တာလား မကောင်းမှုတွေ လုပ်ခဲ့လို့ ဒဏ်ခတ်ခံရတာလား~

သူ့ကို မြင်တော့ ကားနားကနေ သူ့စီကို လျှောက်လာတဲ့ Daddy ~

Daddy ရှေ့တစ်လှမ်းတိုးလာတိုင်း သူနောက်ကို တစ်လှမ်းဆုတ်မိနေတယ်~နောက်ဆုံး နံရံပဲ ကျန်တော့တဲ့ အထိ~တဖြည်းဖြည်း သူ့အနားကို ရောက်လာတဲ့ Daddy မျက်နှာဟာလည်း သူ့အမြင်အာရုံမှာ ဝေဝါးနေပြီ~

"ဘေဘီ ဘာဖြစ်ခဲ့..."

"ထွက်သွား!!!!"

"ဘေဘီ~"

"ကျွန်တော့်နားမလာနဲ့ ထွက်သွား~"

မျက်ရည်တွေကိုလည်း ထိန်းမနိုင်တော့သလို ထိန်းဖို့ရန်လည်း မကြိုးစားတော့ပါ~သူခြေထောက်တွေကလည်း အားမရှိစွာ မြေကြီးပေါ်ကို ထိုင်ချလိုက်တယ်~ဘာကိုမှလည်း ဆက်မတွေးချင်တော့ဘူး~

အရှေ့က သူ့ကို စိတ်ပူစွာ မေးခွန်းတွေ တရစပ်မေးနေတာကိုလည်း သူမကြားနိုင်တော့~မကြာခင်မှာ လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားတော့တယ်~

~~~~~~~~~~~~~~~~
ပြန်ပေါ်လာပါပြီ ဖတ်တဲ့သူတောင် မရှိတော့ဘူး ထင်ပါရဲ့ ဟဲဟဲ





Hope u enjoy 😉

~~~~~~~~~~~~~~~

~DON'T BLAME ME~Onde histórias criam vida. Descubra agora