တစ်ယောက်တည်း အတွေးများနေတော့ မွေ့ရာလေး အိကျသွားတာကို ပင် သတိမထားမိလိုက်~

"ကလေးလေး ဘာတွေ ဖြစ်ခဲ့လို့လဲ"

သူ့ဘေးကို ဝင်လှဲလာတဲ့ Daddy ကို တွေ့တော့ ရင်ခွင်ထဲ တိုးဝင်လိုက်တယ် သူ အားသွင်းဖို့ လိုနေပြီလေ~

"နောက်မှပေါ့ ကျွန်တော်အခု မပြောချင်တော့ဘူး"

"အွန်း ကလေးလေး အိပ်တော့မှာလား"

"အင်း"

အဲ့ဒီနေ့ညက ကောင်လေးနှစ်ယောက်လုံး ခြေလက်ပင် မဆေးဘဲ အိပ်ပျော်သွားပါတော့သည်။

~~~~~~~~~~~
"Daddy~"

"အင်းမ်း ဘေဘီ နိုးပြီလား"

"အင်း မနေ့က ဖေဖေ့ကို တွေ့ခဲ့တယ်....."

ဒရေဂိုလည်း သူ့ကလေးလေး ပြောတာကို တိတ်တဆိတ်သာ နားထောင်ပေးနေလိုက်သည်။

"ကျွန်တော့်ကို ကူညီပေးမလား"

"မေးစရာလိုသေးလို့လား ဘေဘီရာ~"

"ရေသွားချိုးတော့ Daddy"

သူ့ကလေး စကားကို နာခံစွာ ရေဝင်ချိုးလိုက်သည်။ ပြန်ထွက်လာတော့ ကလေးပေါက်စက ရေတောင် ချိုးပြီးနှင့်ပြီ တခြားအခန်းမှာ ချိုးသည်ဖြစ်မည်။

"Daddy ကိုကို့ဆီ လိုက်ပို့ပေးပါလား"

"အင်း သွားကြမယ် ဘေဘီ"

သူတို့နှစ်ဉီး မနက်စာပင် မစားဘဲ ရွန်ဆီ ထွက်လာခဲ့ကြတယ်။လမ်းတစ်လျှောက်လုံးလည်း စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေသော ကောင်လေးကို ကြည့်ရင်း ဒရေဂိုလည်း စိတ်မကောင်း~ဘယ်လောက်တောင် စိတ်ရှုပ်နေမလဲ ဘေဘီရာ~

ရွန့်အိမ်ကို ရောက်တော့လည်း ညီအစ်ကို နှစ်ယောက် အခန်းထဲ ဝင်သွားကာ သူ့ကို ပလစ်ခဲ့ပြန်သည်လေ~

ဟယ်ရီလည်း ရွန့်ကို အကုန်ပြောပြလိုက်သည်~

"ကိုကို ငယ်လေးကို ဘယ်လိုကူညီရမလဲ"

"Daddy ကို ခေါ်မသွားချင်ဘူး"

"ငယ်လေး မင်းရူးနေတာလား"

"ကိုကို့မှာ အိပ်ဆေးအမှုန့်ရှိတယ်မလား"

"ငယ်လေး!"

~DON'T BLAME ME~Where stories live. Discover now