ဟယ်ရီ အပြင်ရောက်တော့ အနည်းငယ် မှောင်စပြုနေပြီ~ဆိုင်ကယ် မောင်းဖို့လည်း အားမရှိတော့တာကြောင့် ဆစ်ဒရစ်ကိုသာ ဖုန်းခေါ်လိုက်တယ်~

"ဟယ်လို ဆစ်ဒရစ် ငါ့ကို လာခေါ်ပေးအုံး"

"ဘေဘီ အခု ဘယ်မှာလဲ"

ကြားလိုက်ရတဲ့ အသံကြောင့် ဖုန်းနံပါတ်ကို သေချာအောင်ပြန်ကြည့်မိလိုက်တယ်။ဆစ်ဒရစ်ဖုန်းက ဘာလို့ Daddy ဆီရောက်နေတာလဲ|

"Daddy~"

"ဘေဘီ ကိုယ်မေးတာကိုဖြေ ဘယ်မှာလဲ"

"ဆစ်ဒရစ်ဖုန်းတောင် လက်ထဲရောက်နေပြီကို ကျွန်တော် ဘယ်မှာလဲ မသိလို့မေးတာလား| မြန်မြန်လာခေါ်ပေး ကျွန်တော် ပင်ပန်းနေပြီ"

ပြောစရာရှိတာပြောပြီး တစ်ဖက်က ပြောစကားကိုပင် မစောင့်ဘဲ ဖုန်းချပစ်လိုက်သည်။ထို့နောက် ဆိုင်ကယ်ကို မှီရင်း စောင့်နေလိုက်သည်။ဆယ်မိနစ်လောက်ကြာတော့ ကားတစ်စီး သူ့ရှေ့ကို ရောက်လာတယ်~

သူလည်း ကားပေါ်ဝင်ထိုင်လိုက်ကာ မျက်လုံးတွေကို ပိတ်ထားလိုက်သည်။
ထို့နောက် ကားလေးလည်း တရွေ့ရွေ့နဲ့ ထွက်လာခဲ့တယ်~~

မျက်လုံး ပြန်ဖွင့်မိတော့ ကားလေးက အိမ်ရှေ့ ခြံတံခါးဝကိုတောင် ရောက်နေပြီ~သူအိပ်ပျော်သွားတာပဲ~

အိမ်ရှေ့မှာ ရပ်လိုက်ပြီး သူ့ဖက်က ကားတံခါးကို လာဖွင့်ပေးတယ်~

"ဘေဘီ~"

"ကျွန်တော် စကားမပြောချင်သေးဘူး"

ကားထဲက ထွက်ပြီး အိမ်ထဲကို ဝင်လာခဲ့တယ်~ခေါင်းထဲမှာလည်း အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ပေါ့~

သူတို့ အိပ်ခန်းထဲရောက်တော့ အိပ်ရာပေါ် ပစ်လှဲလိုက်တယ်~အခုအချိန်မှာ သူ့လက်ချောင်းလေး တစ်ချောင်းကိုပင် မ ဖို့ လေးလံနေတယ်~ဘယ်က စပြီး ဒီလိုတွေ ရှုပ်ထွေးကုန်တာလဲ ကြည့်ရတာတော့ အဖြေက သူမမွေးခင်ကတည်းက ဖြစ်မယ်နဲ့ တူတယ်~ဖေဖေ့ကို ချောက်ချခဲ့တာ ဘယ်သူတွေလဲ~သိတာနဲ့ သူအရှင်ထားမှာ မဟုတ်ဘူး~အခု သူ့အနေအထားနဲ့ဆို အကုန်လုံးအတွက် လက်စားချေပေးနိုင်တယ်~သူ့အဖေအတွက် သူ့အမေအတွက် သူ့အတွက် သူတို့မိသားစုလေးအတွက်~

~DON'T BLAME ME~Where stories live. Discover now