အပိုင်း (၁၂၇)

Comenzar desde el principio
                                    

"သားတို့က ခုတော့ဝတ်လို့မရသေးဘူး နည်းနည်းကြာမှပဲ ဝတ်လို့ရမှာ သေချာသိမ်းထားရမယ်နော်"

အသေးလေးများသည် အလွန်နာခံပေသည်။ သူတို့က အခုဝတ်လို့မရသေးတာကြောင့် ဆိုင်ကပေးတဲ့ သစ်သားသေတ္တာလေးတွေထဲမှာ လက်ကောက်လေးတွေကို ထည့်ထားလိုက်ကျပြီး သေတ္တာလေးတွေကိုတော့ သူတို့ဖေဖေဆီမှာ ခဏအပ်ထားလိုက်ကျသည်။

အဲဒီနောက် သူတို့က ထပ်သွားရွေးနေကျပြန်ပြီး သူတို့ကိုကြည့်ရတာ ဒီလိုလုပ်နေရတဲ့အပေါ် တော်တော်လေး ပျော်နေကျတဲ့ပုံလည်း ရပါတယ်။ မပျော်နိုင်တဲ့သူတို့ ဖေဖေရှောင်ဟန်ကတော့ သေတ္တာလေးနှစ်လုံးကိုငုံ့ကြည့်ပြီးသက်ပျင်းတိုးတိုးလေးခိုးချလိုက်ရဲ့။

သူ့ရဲ့ခင်ပွန်းက ဘယ်လောက်တောင် အလိုလိုက်တုန်းဆိုတာကို ကြည့်ပါဦး။ သူက လက်ကောက်တွေရဲ့ တန်ဖိုးကိုတောင် မမေးဘဲ လေးကွင်းတောင် ဝယ်ပေးလိုက်တယ်လေ။

ရှောင်ဟန်လိုတွေးနေသည့် တခြားတစ်ယောက်လည်းရှိသေးပြီး အဲတာကတော့ ကုန်သည်ချင်၏ ဒုတိယဇနီးပါပင်။ သူမက ယွီလျန်ဟွားဘက်က ပိုင်လီတို့ရွေးထားတဲ့ ပစ္စည်းတွေအတွက် ရတနာထည့်တဲ့ သေတ္တာတွေကို ထုတ်ပေးလာချိန်မှာ ထိုင်တောင်မနေနိူင်တော့ပါဘူး။ သူမက ထပြီး ချက်ခြင်းပဲ...

"အမျိုးသမီးစန်း! ရှင်ကမဟုတ်သေးပါဘူး သူတို့ကဝယ်နိုင်မဝယ်နိုင်တောင် မသေချာသေးဘဲနဲ့  ထည့်ဖို့သေတ္တာတွေပါ ထုတ်ပေးနေတယ်ပေါ့လေ ရှင်ကဘယ်သူ့ကို ဒေါသထွက်စေချင်နေတာလဲ!! သူတို့က မုဆိုးရဲ့မိသားစုလေးတစ်ခုပဲကို ခရမ်းရောင်ကျောက်စိမ်းလက်ကောက် လေးကွင်းတောင် တကယ်ပဲ ဝယ်နိုင်မယ်လို့ ရှင်ထင်နေတာလား! အိမ်မက်မက်နေတာပဲ!! ကြည့်လေ သူတို့က စျေးတောင်မမေးဘူး!! အဲတာက မယူဖို့စဥ်းစားထားတာနဲ့အတူတူပဲမဟုတ်ဘူးလား! ဟမ့်! နောက်ထပ်ပါယူပြဖို့ကြိုးစားနေကျသေးတယ်ပေါ့လေ ရယ်စရာကောင်းလိုက်တာ!"

ပိုင်လီမှာ ဒီတစ်ခါတော့ ထိုစကားများကို လှစ်လျူရှုပြီး မနေနိုင်တော့ချေ။ ထိုအမျိုးက တမင်ကို ပြဿနာရှာနေတာ မဟုတ်ဘူးလား။ သူက သူ့မိသားစုနဲ့ အေးအေးဆေးဆေး လက်ဝတ်ရတနာတချို့ကို လာဝယ်ချင်ရုံပါပဲ။ ဘာကြောင့် ဒီလိုစိတ်ထားဆိုးတဲ့ အမျိုးသမီးနဲ့မှ ထိပ်တိုက်တိုးနေရတာလဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝDonde viven las historias. Descúbrelo ahora