အပိုင်း (၁၂၇)

Start from the beginning
                                    

ဒါကိုကြားတော့ အမျိုးသမီးစန်းသည် အပြုံးလေးဖြင့် ဆိုင်ကကောင်မလေးတစ်ယောက်ကို ပြောလိုက်လေသည်။

"ကြားကျလား ဒီလိုအရောင်တူနဲ့ပုံစံတူ ကျောက်စိမ်းလက်ကောက်သုံးကွင်း ထပ်ယူလာပြီး ဒီလိုပုံစံတူပြီး အရောင်ကွဲတဲ့ လက်ကောက်တွေလည်း ယူလာခဲ့လိုက် မြန်မြန်လေးလုပ်ကျနော် ဧည့်သည်တွေကိုမစောင့်ရစေနဲ့"

ပြောပြီးနောက် အမျိုးသမီးစန်းသည် ရပ်နေသည့်ကောင်မလေးတစ်ယောက်၏ ဗန်းထဲမှ ခါးချိတ်အဆောင်လေးတစ်ခုကို ကောက်ယူလျက် ပိုင်မိန်အား ပြလာလေသည်။

"မိန်းမငယ်လေး ဒါလေးကို ကြိုက်မလားလို့ကြည့်ပါဦး ဒါက ဇီးပန်းပွင့်သုံးပွင့်ကို ဆင့်ထားတဲ့​ ပုံစံလေးလေ သူ့ရဲ့အရမ်းရောင်ကလည်း အနီပဲဆိုတော့ ဘယ်လောက်လှလိုက်သလဲ ဝတ်ထားရင်အရမ်းလှနေမှာ"

ထိုခါးချိတ်အဆောင်လေးသည် အနီကျောက်စိမ်းဖြင့် ဇီးပန်းပွင့်ပုံစံလေးများကို ပုံဖော်ထားပြီး သုံးပွင့်ပါရှိတာဖြစ်၏။ အလှဆင်ထားတဲ့ကြိုးကိုတော့ အဖြူကိုသုံးထားတာဖြစ်၍ တကယ်ကို လှပပေသည်။

ပိုင်မိန်က သဘောတကျဖြင့် ထိုခါးချိတ်အဆောင်လေးကို ချိတ်ကြည့်ရင်း ပိုင်လီနဲ့ရှောင်ဟန်တို့ရှေ့ တစ်ပတ်လှည့်ပြလိုက်၍...

"ဒုတိယအကိုနဲ့ ဒုတိယယောင်းမ ညီမလေးနဲ့ကြည့်ကောင်းရဲ့လား"

ပိုင်လီသည် ကလေးမလေး၏ ပျော်မြူးနေသည့်စိတ်ကို ဖျက်စီးမည်မဟုတ်ပေ။ အဲဒါက တကယ်လည်း ပိုင်မိန်နဲ့လိုက်တာကြောင့် သူပြောလိုက်ပါတယ်။

"အရမ်းကိုလိုက်တယ် ငါတို့ရှောင်မိန်လေးက ကြည့်အကောင်းဆုံးပဲ"

ရှောင်ဟန်ကလည်း အပြုံးလေးဖြင့် ခေါင်းငြိမ့်ပြတာကြောင့် ပိုင်မိန်က ကျေနပ်သွားပြီး ထိုခါးချိတ်အဆောင်လေးကို သူမယူမည့်စာရင်းထဲသို့ ထည့်လိုက်လေသည်။

အဲဒီနောက်မှာ လက်ကောက်သွားယူတဲ့ ကောင်မလေးက ပြန်ရောက်လာတာကြောင့် ပိုင်လီက ခုထိ လက်ကောက်တစ်ကွင်းကို သဘောတကျကြည့်နေစဲဖြစ်တဲ့ သူ့သားလေးတွေကို တစ်ယောက်နှစ်ကွင်းစီပေးလိုက်တော့၏။ ပြီးနောက် သူကပြောလိုက်ပါတယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now