ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း

Start from the beginning
                                    

သူ ဖျက်စီးချင်လို့လည်း မရပါဘူး။ သူသာမြင်းလှည်းကစျေးကြီးလွန်းပြီး သူတို့တွေမှာ ကျွဲလှည်းတွေရှိနေလို့ မဝယ်လည်းရတယ်လို့သာ ပြောလိုက်ရင် မြင်းလှည်းဝယ်မှ ကောင်းမယ့် အကျိုးကြောင်းစကားတွေနဲ့ မြင်းလှည်းရှိထားရင် ရလာမယ့် ကောင်းကျိုးတွေကို သူ့ခင်ပွန်းက တသီကြီးပြောလာတော့မှာလေ။ နောက်ဆုံးမှာတော့ သူ့ခင်ပွန်းကသာ အနိုင်ရသွားမယ့်လူပဲကို။ ဒီတော့ သူဘာလို့များ ကောင်းမွန်တဲ့အခြေနေလေးကို ဖျက်စီးနေဦးမှာလဲ။ သူ့မိသားစုသာ ပျော်တယ်ဆိုရင် သူလည်း လက်ခံနိုင်ဖို့ ကြိုးစားရုံပဲပေါ့။

သို့ဖြင့် သူတို့၏ ပထမဆုံးဦး တည်ရာသည် ခြွင်းချက်မရှိ ယွီလျန်ဟွားပါပင်။

သူတို့တွေ ယွီလျန်ဟွားကိုရောက်တော့ ပိုင်လီကကလေးတွေချီပြီး ဒုတိယထပ်ကို ဦးဆောင်ကာခေါ်သွားခဲ့ပါတယ်။ တကယ်တော့ ပိုင်လီက ထိပ်တန်းရတနာတွေရှိတဲ့ တတိယထပ်ကို ခေါ်သွားချင်တာပေမယ့် ဒီတစ်ခေါက်က ရှားရှားပါးပါး သူ့ဇနီးလေးရဲ့ ခွင့်ပြုချက်နဲ့လာတာဆိုတော့ သူက တတိယထပ်ကို ခဏမေ့ထားလိုက်တော့မယ်။

တတိယထပ်တွင် တာဝန်ခံအမျိုးသမီးက ပိုင်လီတို့မိသားစု လာမှန်းတွေ့တော့ ထလာပြီး သူမကပြုံးပြုံးကြီးဖြင့် ဒါသည် မနေ့က သူမုဆိုးပိုင်ရဲ့ဇနီးနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့၍ဟု တွေးနေခဲ့လေသည်။ ပေါင်းသင်းနိုင်မှုရဲ့စွမ်းအားဆိုတာ ဒါပဲလေ။

တာဝန်ခံအမျိုးသမီးသည် အပြုံးဖြင့် ကြိုဆိုလိုက်ပြီး...

"အိုက်ယား! မုဆိုးပိုင်တို့မိသားစုပါလား ဒီတလောကျွန်မတို့ ကံစပ်နေတယ်ထင်တယ်နော် မနေ့ကမှ မုဆိုးပိုင်ရဲ့ ဇနီးနဲ့ကလေးတွေကို ပြဇာတ်ရုံမှာတွေ့ခဲ့သေးတာလေ"

တာဝန်ခံအမျိုးသမီးသည် အရင်တစ်ခေါက်က ပိုင်လီတစ်ခါထဲဝယ်သွားတဲ့ ပမာဏကို မှတ်မိနေစဲဖြစ်တာကြောင့် အလွန်ပျော်ရွှင်နေပါသည်။

သူမက ထပ်ပြောလိုက်၏။

" အရင်ထိုင်ကျပါဦး ကျွန်မတို့ ရတနာတွေကို ယူလာပြပါ့မယ်"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now