ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း

Start from the beginning
                                    

"ရှောင်ဝူလေး ဟိုတစ်ခုက ပိုမလှဘူးလား"

ဤစကားဝိုင်းတွင် ပိုင်မိန်က ဝင်ပူးပေါင်းခဲ့ပြီးနေုက် သူမလေးသည် အသေးလေးနှစ်ယောက်လုံးနှင့် အမြင်မတူခဲ့ပေ။

"မဟုတ်ဘူး ဒေါ်လေးငယ်အထင်တော့ ဟိုနားက​တစ်ခုက ပိုလှတယ်လားလို့ ကြည့် ပြင်ဆင်ထားတာက အရမ်းကောင်းတယ်လေ"

အသေးလေးများသည် သူမစကားကြောင့် သူတို့အဒေါ်ညွှန်ပြသည့် မြင်းလှည်းတစ်စီးသို့ ကြည့်လိုက်ကျပြီး ထိုတစ်စီးက ပိုလှကြောင်းကို လက်ခံလိုက်ကျလေသည်။ ဘာလို့ဆို သူတို့ရဲ့ ကလေးအမြင်လေးတွေက ပိုင်မိန်ရဲ့အမြင်နဲ့ မယှဥ်နိုင်ခဲ့ဘူးလေ။ အဲဒီနောက် သူတို့သည် ထိုမြင်းလှည်းတွင် အလှဆင်ထားသည့်ပုံစံလေးများကို ဆွေးနွေးနေခဲ့ကျ၍ လှည်းမောင်းနေတဲ့ပိုင်လီက ကလေးတွေ တတ်ကြွနေတာကိုကြည့်ပြီး မြင်းလှည်းတစ်စီးလောက် တကယ်ဝယ်ပေးဖို့ ဆုံးဖြတ်လိုက်၏။

အဲဒီအချိန်မှာ ပိုင်လီက နောက်က အကြည့်တစ်ခုတစ်ခုကို သတိထားမိသွားတာကြောင့် လှည့်ကြည့်လိုက်တော့ ရှောင်ဟန်က သူ့ကို ကြည့်နေတာကို တွေ့လိုက်ရပြီး ထိုအကြည့်တွေက လက်မြောက်အရှုံးပေးထားမှုတွေ အပြည့်နှင့်ပင်။ ကြည့်ရတာ ရှောင်ဟန်က ပိုင်လီကို "ခင်ဗျား ကလေးတွေကို အရမ်းအလိုလိုက်လွန်းနေတာ မဟုတ်ဘူးလား" လို့ မေးချင်နေပေမယ့် အဖြေကိုသိနေတဲ့အတွက် မေးဖို့ပျင်းရိနေပုံရ၏။

ပိုင်လီက ရှောင်ဟန်ကို တစ်ချက်ပြုံးပြခဲ့ပြီးနောက် ရှေ့ပြန်လှည့်သွားခဲ့ကာ သူက အမြန်ရှင်းပြလာတော့သည်။

"အဟမ်း.. မြင်းလှည်းက ကျွဲလှည်းထက်ပိုမြန်တယ် ဆိပ်ကမ်းမြို့နဲ့ရွာက ဝေးလွန်းတော့ မြန်မြန်သွားဖို့လိုအပ်လာရင် မြင်းလှည်းတစ်စီးလောက် ရှိထားတာက မဆိုးပါဘူးလေ"

ဒါကိုကြားတော့ ရှောင်ဟန်က ကောင်းကင်ကိုမော့ကြည့်လိုက်မိပြီး နွေဦးနေ့ရဲ့မနက်ခင်းက အရမ်းသာယာနေတာကို တွေ့လိုက်ရ၏။ ပြီးတော့ သူ့ရဲ့သားလေးတွေက တတ်ကြွပျော်ရွှင်နေပြီး သူ့ခင်ပွန်းက မိသားစုကို အလိုလိုက်ဖို့ ကြိုးစားနေတဲ့အခါ သူက ဒီလို သာယာတဲ့လေထုလေးကို မဖျက်စီးတော့ဖို့ဆုံးဖြတ်လိုက်သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now