"ဆရာမဒီအတောတွင်းနေကောင်းတယ်မလား"
"အင်း မင်းကဘယ်လိုဖြစ်လို့ဆရာဝင်လုပ်နေတာလဲ"
"သီရိက ဆရာမဖြစ်ချင်တာဆိုတော့ကျနော်လဲဆရာဝင်လုပ်လိုက်တာ"
"မင်းဆေးလိုင်းမှီတယ်မလား"
"ဟုတ် မှီပါတယ်"
"မင်း တော်ေတာ်ဆိုးတာပဲ"
"ကျနော်..."
"ဆရာမတစ်ယောက်ကိုနားနေခန်းထဲမာဒီလိုလုပ်နေတာအမြင်တင့်တယ်လို့မင်းထင်နေတာလား"
ကလျာတစ်ယောက်ပြောနေရင်းအတော်ဒေါသထွက်လာပုံရသည်။ မျက်နှာမှာအတော်နီရဲလို့လာသည်။ ကလျာ၏တပည့်ဖြစ်သူ ဦးမင်းကျော်သည် ကလျာအကြောင်းသိလေသည်။ သဘောကောင်းလျှင်နှစ်ယောက်မရှိသလိုဒေါသထွက်လျှင်လည်း ဆိုးပါသည်ဆိုသည့်ဒေါ်ဖြူသွယ်ထက်ဆိုးလေသည်။ အကြောင်းသိသည့်ဦးမင်းကျော်သည်ခေါင်းငုတ်၍သာနေလေသည်။ မဟုတ်လျှင်ပိုဆိုးမည်။
"မင်းကိုတပည့်တော်ရတာငါရှက်မိတယ် နောက်မဖြစ်စေနဲ့ကြားလား"
"ဟုတ်ကဲ့ ကျနော်တောင်းပန်ပါတယ်ဆရာမ.."
"မင်းနောက်တစ်ခါထပ်ဖြစ်ရင် ငါ့ကိုမင်းဆရာမလို့မသတ်မှတ်နဲ့တော့"
"ဟုတ်ကဲ့"
~~~
နွယ်တစ်ယောက်အခန်းထဲဝင်လာပြီး"တီချယ်သီရိ.."
"အော် တီချယ်နွယ်"
"တီချယ် ညနေေကျာင်းဆင်းရင်ကျမနဲ့တခြားကျောင်းကိုသွားရမယ်တဲ့"
သီရိအားပြောပြပီးသူမစိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။
"ရတာပေါ့ ဘယ်သွားမို့လဲ"
"ဆရာမကြီးက တခြားကျောင်းကိုလွှတ်လိုက်လို့လေ စုံညီကိစ္စတဲ့"
"အော်"
"သီရိ.."
ကလျာသည်မင်းကျော်နှင့်ပြောပြီးသည်နှင့်ရုံခန်းကခေါ်လို့သွားလေသည်။
"ရှင်..."
"သမီးလည်းလိုက်ခဲ့ရမယ်နော် တခြားကျောင်းကိုသွားရမယ်"
"ဟုတ်ကဲ့တီချယ်"
"နွယ် အတန်းချိန်ဝင်လိုက်အုံးမယ်နော်"