ကလျာသည်သီရိအားကြည့်လိုက်ပြီး
"အဲ့ကလေးက..."
တီ တီ တီ...
"ဟင်.."
မျက်လုံးနှစ်ဖက်အားဖွင့်လိုက်သော်သီရိတစ်ယောက်သူမအခန်းထဲတွင်သာရှိနေသေးသည်။
"ဒါအိမ်မက်လား..ဘယ်လိုအိမ်မက်ကြီးလဲ..သဇင်ကတီချယ်တဲ့လား"
သူမလည်းကျောင်းနောက်ကျမည်ဆိုးသဖြင့် တွေးလက်စအားဖျက်ကာကျောင်းသွားရန်ပြင်လေသည်။
တစ်ဖက်တွင်
<>
"တီချယ်""ငါ့သမီးလေးလာပြီလား"
"တီချယ်အတွက်မုန့်ယူလာတယ်"
"ဆရာမ ငါ့သမီးလေးအတွက်မုန့်ဝယ်လာတယ် ယူသွား"
"ရပါတယ်တီချယ်ရဲ့မစားတော့ဘူး"
"ညည်းမစားရင်ဆရာမလဲမစားဘူးနော်"
"အဲ့လိုတော့မလုပ်ပါဘူးနဲ့တီချယ်ကလဲ"
သီရိလက်အားကိုင်ကာလက်ထဲသို့မုန့်ထည့်ပေးလိုက်သည်။
"ရော့ယူသွား ဘဲသားမုန့်လေ ကြိုက်တယ်မလား"
"ရပါတယ်တီချယ်ရဲ့ မစားတော့ပါဘူး"
"ယူသွားပါဆို"
"ဟုတ်ကဲ့"
<>"သမီးလေးထတော့လေ.."
သဇင်တစ်ယောက်သူမအမေ၏ခေါ်သံကြောင့်နိုးလာလေသည်။
"မေမေ.."
"ရှင့်.."
"သမီးလေစောနအိမ်မက်ထဲမှာဆရာမတစ်ယောက်နဲ့တီချယ်သီရိကိုမက်တယ်"
"ဟုလား"
"နောက်တစ်ယောက်ကဘွားဘွားရဲ့ညီမနဲ့နည်းနည်းဆင်တယ်သိလားမေမေ"
"ဟမ်"
သဇင်၏စကားသံကြောင့်သူမ၏မိခင်သည်အနည်းငယ်ထိတ်လန့်သွားလေသည်။
"ဘာဖြစ်လို့လဲမေမေ"
"ဘာမှမဖြစ်ပါဘူး ကျောင်းသွားဖို့ပြင်တော့လေ သမီးနောက်ကျနေမာဆိုးလို့"
"ဟုတ်မေမေ"
သဇင်လည်းသူမမိခင်အားပြုံးပြပြီးရေချိုးရန်ထွက်သွားကာ သူမမိခင်သည်သဇင်၏အိပ်ယာပေါ်တွင်ကျန်ခဲ့လေသည်။
![](https://img.wattpad.com/cover/355679131-288-k262146.jpg)