p-13

167 12 0
                                    

သီရိလမ်းတစ်လျှောက်လုံးငိုလာလေသည်။ သူမနှင့်ဒေါ်ကလျာဖြူသည်ကျောကပ်ထိုင်နေသော်လည်းသူမသည်ရှေ့သို့လှည့်ကာဒေါ်ကလျာ၏ပုခုံးပေါ်အားမေးလေးတင်ထားသည့်အနေအထား။

သူမခေါင်းပေါ်သို့ကျလာသောလက်တစ်စုံ။ ထိုလက်ပိုင်ရှင်မှာဒေါ်ကလျာဖြူပင်။ သူမခေါင်းလေးအားပွတ်ပေးနေသော်လည်း မျက်ရည်များမှာထပ်မံ၍စီးကျလာပြန်သည်။

"သမီးစာလေးနဲနဲတော့လုပ်လိုက်အုံးနော်"

"တပတ်ခါ‌စာမေးပွဲရှိတယ်မလား"

"ဟုတ်"

အသံသည်အားမရှိတော့။

~~~

မနက်ပိုင်းစာမေးပွဲဖြေပြီးကာညဘက်..

ညဘက်ရောက်လျှင်ခင့်အားလွမ်းဆွတ်ခြင်းများသည်ရင်နှင့်မဆံ့အောင်ပင်။ ခံစားလွယ်သူမို့တွေးမိတိုင်းမျက်ရည်ကျလေသည်။ သူမဖုန်းnoteထဲတွင်သူမခင့်အားပြောချင်သည့်စာများချရေးထားလိုက်လေသည်။

***
တီချယ်ရယ်
အရမ်းသတိရတာပဲ
ရင်ထဲမှာဝောာ်"လေးမကောင်းဘူး
တီချယ်အကြောင်းတွေးရင်လေအသက်ရှုကျပ်လာတယ်
January လ5ရက်နေ့တုန်းကသမီးတစ်ယောက်ထဲဖြစ်နေလို့ဆိုပီးအဖော်လုပ်ပေးပါအုံး
အဲ့နေ့တုန်းကလိုတီချယ်ငယ်"တုန်းကကျောင်းမာဘယ်လိုနေခဲ့တယ်ဆိုတာတွေလာပြောပြပါအုံး
အဲ့နေ့ကအိပ်ငိုက်မှာစိုးလို့ရှောက်သီးဆေးပြားတွေလာကျွေးတာလေ
ညည်းကိုငါမှတ်တမ်းတင်ထားလိုက်ပီလို့ပြောတော့သမီးတကယ်သဘောကျခဲ့တာပါ
သမီးကိုအမတော်မြနန်းနွယ်ပုံရတုန်းကလာကြွားတာလေးမှတ်မိနေတုန်း
အဲ့နေ့တုန်းကလေတီချယ်ပြုံး‌‌ေပျာ်‌ေနတဲ့
တီချယ့်ရဲ့အပြုံးလေးကတကယ်လှတာပါ
နောက်နေ့ကျတော့
"ငါမနေ့ကလာတဲ့သူတစ်‌ေယာက်ကိုစာတွေအများကြီးသင်လိုက်တယ်"လို့ပြောတုန်းကသမီးတီချယ့်ကိုပြူးကြည့်နေမိတယ်ဘယ်တုန်းကသင်လိုက်တာလဲပေါ့
တီချယ်ကတော့သမီးကြည့်နေတာတွေ့သွားတယ်လေ"အမယ်ငါ့ကိုပြူးကြည့်နေတယ်"ဆိုပီးမဲ့ပြလိုက်မှသမီးလဲရီနိုင်တော့တာ
သမီးကိုအပျိုကြီးလုပ်မယ်ပြောပီးဖိတ်စာရောက်လာရင်မလာဘူးလို့ထပြောပါအုံး
သမီးတီချယ့်ဆီလာရင်
ငါ့သမီးကိုဘာမုန့်ကျွေးရင်ကောင်းမလဲပြောနေကျလေ
ဘဲသားမုန့်တွေလဲကျွေးနေကျ
မွေးနေ့တုန်းကတီချယ့်မွေးနေ့ကိတ်ကိုမကျွေးလိုက်ရလို့နောက်‌ေန့ကျတခုခုဝယ်ကျွေးမယ်လိုပြောခဲ့တာတွေ
တီချယ့်ကိုသတိရလို့စကားလာပြောရင်
ညည်းကအရီးအရမ်းသန်တာပဲလို့ထပြောပါအုံး
"အောက်မှာမထိုင်ပါနဲ့ကလေးတွေဝင်တိုက်မှာစိုးလို့‌‌"လို့မပြောတော့ဘူးလား
သမီးကတီချယ်နဲ့တွေ့ရရင်အလိုလိုပျော်နေတာတီချယ်မှမသိတာတီချယ်ရယ်
ခရီးသွားတုန်းကပုံတွေမတင်ဘူးလားလို့လဲထမေးပါအုံး
သမီးနှင်းဆီနီလေးလာပေးရင်တီချယ်ပန်‌ေနကျပုံလေးကအရမ်းကျက်သရေရှိတာ
တီချယ်နှင်းဆီပန်းပန်ထားရင်လေသမီးမှာသဘောကျလွန်းလွန်းလို့
တီချယ်တင်္နလာနေ့တိုင်းဂျူတီစောင့်ရင်လေလက်ကလေးပိုက်ပီးစောင့်နေတဲ့ပုံတွေ
ညနေကျောင်းဆင်းရင်လဲမုန့်ဈေးတန်းမှာ နှင်းဆီပန်းလေးပန်ထားတဲ့ တီချယ်က မေးလေးထောက်ပီးတော့ဂျူတီစောင့်နေတဲ့ပုံလေး ဂျူတီစောင့်ရင်းနဲ့သမီးမိုးရွာထဲမာထီးမပါဘဲ‌
‌ေလျှာက်သွားနေတာတွေ့ရင်"ထီးမပါဘဲလျှောက်မသွားနဲ့လေဖျားမယ်ပီးရင်ခေါင်းမာသန်းတွေဆွဲနေလိမ့်မယ်နော်"လို့ပြောခဲ့တာလေးတွေ
သမီးကလေအရင်တုန်းကတင်္နလာနေ့ကိုအရမ်းမုန်းတာကျောင်းပြန်တက်ရတဲ့နေ့မလို့လေ၇တန်းရောက်တော့တီချယ့်ဂျူတီမှန်းသတိထားမိတဲ့အချိန်ကစပီးတော့တင်္နလာနေ့ကျောင်းတက်ရတာကိုပျော်လာမိတယ်
တီချယ့်ကိုပုံမတင်ဘူးလားလို့မေးရင်အမြဲတမ်း"ဆရာမတို့ကအသက်ကြီးတော့မလှတော့ဘူး"လို့တီချယ်ဖြေနေကျပါ
ဒါပေမဲ့တီချယ်ကသမီးမျက်လုံးထဲမှာတော့အလှဆုံးပါတီချယ်ရယ်
တီချယ်ကအရမ်းရစ်လို့တချို့သူတွေနဲ့မတည့်ဘူးတဲ့ဒါပေမဲ့သမီးကတော့တီချယ်လုပ်သမျှပြောသမျှတီချယ်လုပ်‌ေနကျအကျင့်‌ေလး‌ေတွကိုသဘောကျပါတယ်
တချို့ကျောင်းသားတွေကတီချယ့်ကိုကြည့်မရဘူးသမီး‌ကတော့မ‌တွေ့ရရင်မနေနိုင်ဘူး
သမီးလေအားရင်တီချယ့်အကြောင်းတွေးတယ်သူငယ်ချင်းတွေကိုလဲတီချယ့်ကိုဘယ်လောက်ချစ်ကြောင်းခနခ‌နပြောပြတယ်
သူတို့လဲနားညည်းတာတော့အမှန်ပါ
ဒါပေမဲ့သမီးကတော့တီချယ့်အကြောင်းကိုတွေးလို့မဝပြောလို့မဝ
တီချယ့်ကိုစကားပြောရင်လဲတီချယ့်မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ပီးပြောနေရတာကိုသမီးအရမ်းသဘောကျတာ
သမီးကလေတီချယ့်ကို၆တန်းမှာထဲကသတိထားမိတာပါအဲ့တုန်းတီချယ်ကတော့သမီးကိုသိမယ်မထင်တီချယ်လာရင်"ဆရာမတို့အတန်းကသိပ္ပံစာအုပ်လေးများညှပ်ပါလားသေးလား"လို့
လာလာမေးနေကျကိုသတိထားမိနေပါတယ်
၇တန်းရောက်တော့ကျောင်းရောက်ရောက်ချင်းတီချယ့်ကိုတွေ့တယ်လေ
တီချယ့်စာသင်ချိန်လဲရောက်ရောတီချယ်ကစာမသင်ရသေးဘူးစာအရင်ထမေးတယ်လေ
သမီးမှာလန့်သွားတာစာတွေမမှတ်မိတော့ဘူးလေတီချယ်ကတော့သမီးကိုစာဖြေခိုင်းတယ်လေအက်တမ်အလုံးတွေထဲကမှတ်မိတဲ့တစ်လုံးချရေးပြဆိုပီးတော့
တော်သေးတာပေါ့သမီး"K"ကိုမှတ်မိလို့
သမီးချရေးပီးတော့တီချယ်ကအဲ့တာဘာလဲမေးခဲ့တယ်သမီးဖြေနိုင်ခဲ့ပါတယ်
တတိယအကြိမ်စာမေးပွဲဖြေခါနီးမှာ
တီချယ်နှုတ်ခမ်းနီဆိုးလာတယ်အဲ့နေ့ကအလှပိုခဲ့ပါတယ်ပန်းဆီရောင်နှုတ်ခမ်းနီလေးက
တီချယ်နဲ့အရမ်းလိုက်ဖက်နေခဲ့တာ
တနေ့တော့သမီးစာမရေးဘဲနဲ့တီချယ့်ကိုပဲထိုင်ကြည့်နေခဲ့တယ်တီချယ်မိသွားတယ်လေ
အဲ့နေ့ကတီချယ်"စာ‌ရေးပီးပီလား"လို့မေးတော့သမီးခေါင်းခါခဲ့တယ်တီချယ်ကပီးအောင်ရေး‌ေလလို့ပြောတော့မှသမီးရေးခဲ့တာပါ
ပီးတော့"ငါဒီနေ့လှနေလို့ငါ့ကိုစိုက်ကြည့်နေတာမသိဒုက္ခဘဲ"လို့တီချယ်ပြောခဲ့တယ်
တရက်တီချယ့်မျက်လုံးထိသွားလို့ရဲနေတုန်းကအဝေးမှာသမီးလဲသတိမထားမိခဲ့ဘူး
ဒါမဲ့တီချယ်အနားလာတော့မှအရမ်းရဲနေတာတွေခဲ့‌တော့သမီးအရမ်းစိတ်မကောင်းဖြစ်သွားတာနောက်နေ့ကျတော့သမီးတီချယ်အတွက်ရေခဲယူလာပေးတော့ "ငါအအေးဖျော်သောက်လိုက်တော့မယ်" လို့ပြော‌တယ်လေ အဲ့နေ့ကသမီးရယ်မိပါတယ်
"သမီးကတီချယ့်ကိုစိတ်ပူလို့" လို့ပြောတုန်းက တီချယ်သ‌ဘောကျပီးရယ်တယ် "ညည်းကို‌ေတာ်ထားတဲ့ရည်းစားကတော့တကယ်ကံကောင်းမှာပဲ" တဲ့သမီးမှကောင်လေးတွေစိတ်မဝင်စားလို့ပြန်ပြောချင်မိပါတယ်
နောက်ဆုံးစာမေးပွဲနီးလာတော့နှုတ်ဆက်ပွဲလုပ်တဲ့နေမာတီချယ်လက်ကိုတွဲခွင့်ရခဲ့တယ် သမီးမှာအဲ့နေ့တုန်းကပျော်လွန်းလွန်းလို့ ပီးတော့တီချယ်နဲ့ဓါတ်ပုံတွဲရိုက်ခဲ့တယ် တီချယ်က "ဆရာမကိုအဲ့ပုံပို့ပေး" လို့ပြောတော့ "သမီးကပို့ပေးမှာ‌ေပါ့တီချယ်" လို့ပြန်ပြောတော့ "ညည်းမှာငါ့ဖုန်းနံပါတ်ရှိလို့လား" တဲ့ "ရှိတာပေါ့တီချယ်ရယ်" လို့ဖြေတော့တီချယ်မယုံဘူးလေသမီးတီချယ့်ဖုန်းနံပါတ်ကိုတီချယ့်အတန်းသူ‌ဆီကနေမေးထားမှန်းတီချယ်မှမသိဘဲ တီချယ်လိုင်းတက်လားမတက်လားကို Viber ကနေကြည့်နေကျလေ
"တီချယ့်ကိုလွမ်းနေတော့မှာပဲ" လို့ပြောတော့တီချယ်က "လွမ်းရင်ဖုန်းဆက်ပေါ့ငါ့လည်းအိမ်မာပျင်းနေတာ" လို့တီချယ်ပြန်ပြောခဲ့တယ်
ပီးတော့ဆရာမ‌၄ရောက်စလုံးနဲ့ကျောင်းသူတွေအကုန်လုံးနဲ့ရိုက်မလို့လာခေါ်တော့တီချယ်ကအပြင်အင်္ကျီလဲပီးပီလေအဲ့နေ့ကတီချယ်ဝတ်ထားတဲ့ပန်းဆီရောင်အင်္ကျီမပွတပွလေးရယ်
ထမိန်လေးနဲ့တွဲဝတ်ထားတာလဲတစ်မျိုးလေးလှ‌‌နေသေးပြန်တယ်
တီချယ့်ကိုလာရှာတော့မတွေ့လို့ဘယ်ရောက်နေလဲဆိုပီးတော့ဟိုကြည့်ဒီကြည့်လုပ်နေတုန်း
ဘယ်သူငါ့တို့အတန်းရှေ့မာလာခုန်ဆွခုန်ဆွနေတာလဲဆိုပီအနီးကပ်လာကြည့်တော့မှ တီချယ်ဖြစ်နေမှန်းသိတာသမီးစိတ်ထဲမှာ တီချယ်ကအရမ်းသွက်တာပဲဆိုပီးသဘောကျခဲ့ရတာ
ပီးတော့သမီးကဆရာမတွေအကုန်နဲ့‌ေကျာင်းသူ‌ေတွနဲ့ဓါတ်ပုံရိုက်ရအောင်လေတီချယ်လို့ပြောတော့တီချယ်လိုက်လာခဲ့တယ်လေ
တစ်ပုံရိုက်ပီးတော့တခြားဆရာမတယောက်ကလမ်း‌ေလးဖြတ်လျှောက်ချင်လို့ပါပြောနေတုန်းတီချယ်မေးလေးထောက်လိုက်တာကိုတရောက်ကရိုက်မိထားတယ်လေမေးလေးထောက်တဲ့ပုံကလဲကြည့်ကောင်းနေပြန်တယ်
ပီးတော့သမီးတို့ကန်တော့တုန်းကတခြားဘာသာခြား‌ေတွရိုက်ထားတဲ့ဓါတ်ပုံလေးပြတော့တီချယ်သဘောကျပီပြုံးနေတာလဲတကယ်ကိုလှတာပါ
ဓါတ်ပုံရိုက်ပီးတော့လူစုလဲခွဲရောသမီးတီချယ့်ကိုလက်ကလေးကိုတွဲပီးတီချယ့်‌‌ေနာက်လိုက်လာခဲ့တယ်လေပီးတော့တီချယ်ဒီကျောင်းကိုရောက်တာကြာလား,ဘယ်နှခုနှစ်ကရောက်တာလဲမေးတော့ "ကြာပီပေါ့2006ထဲက"လို့
ပြောတယ် နွေရောက်တော့တီချယ့်ကိုလွမ်းလာပီလေ
ခွဲရတဲ့ရက်တွေကြာလာပီတီချယ့်ကိုမနက်တိုင်းစာပို့မိတယ်သမီးပို့ရင်မနက်၇နာရီလောက်ကပို့ပေမဲ့တီချယ်ကမနက်၄နာရီမှ reply ပြန်တယ်
နောက်ကျတော့သမီးလဲမနက်၄နာရီထပီးတီချယ်နဲ့စကားပြောဖြစ်တယ်
အဲ့တာနဲ့ပဲတီချယ့်ကိုအလွမ်းဖြေနေရတာလေ
ကျောင်းဖွင့်ခါနီးကျောင်းလာအပ်တော့တီချယ့်ကို‌ေတွ့လိုတွေ့ညားရှာသေးတယ်မတွေ့ခဲ့ဘူး
နောက်နေ့ကျတော့တီချယ်အင်္ကျီဇာပေါက်လက်တိုလေးဝတ်ထားတာတွေ့လိုက်ရတယ်
ဆံပင်ကိုအရင်လိုမထုံးထားပဲနဲ့ကလစ်နဲ့ညှပ်တင်ထားတယ်မတွေ့တာကြာလို့ထင်ပါရဲ့ ‌အဲ့နေ့ကတီချယ်ထင်ထားထက်ပိုလှပိုနုနေခဲ့တယ်အလွမ်းတွေပြေသွားခဲ့တယ်လေ
ကျောင်းပြန်ဖွင့်တဲ့ပထမဆုံးနေမှာတီချယ့်ကိုလာနှုတ်ဆက်တော့အပြုံးလေးနဲ့တီချယ်ပြန်နှုတ်ဆက်တယ်ပီးတော့ညည်းက "thiri"လားတဲ့လေ တီချယ်သမီးနမည်ကိုသိခဲ့ပေါ့ဆိုပီးပျော်ခဲ့ပါတယ်
နားသပီးတော့နားကပ်လေးပိုလှလာတယ်ပြော‌တုန်းကရှက်မိပါတယ်တီချယ့်ဆီကအဲ့လိုစကားမ‌ကြားဖူးလို့လေစကားတွေလဲအများကြီးပြောခဲ့ကြသေး
သမီးတီချယ့်ကိုလာလာချောင်းကြည့်‌ပါသေးတယ်တီချယ်ကပိုလှလာတာကို တီချယ်ကိုစကားလာပြောရင် တီချယ်ထိုင်ခုံမာထိုင်နေရင်တော့ဒူးမထောက်ရုံတမယ်လေး
တီချယ်အောက်မှာသမီးထိုင်နေကျ
မတ်တပ်ရပ်နေရင်တော့ခါးလေးဖက်ပီးသမီးစကားစပြော‌ေနကျလေ
ဟိုးနေ့ကတီချယ်စာရေးနေတော့သမီးလာတာတီချယ်သတိမထားမိဘူးထင်ပါတယ် သမီးတီချယ်နောက်ကနေမသိမသာလေးမျက်နှာနားထိကပ်ပီးကြည့်နေတာတောင်တီချယ်သတိမထားမိဘူးလေနောက်ကတရောက်ကစာအုပ်လာပေးတော့မှသမီးလာမှန်းတီချယ်သိတာမလား
သောကြာနေ့ကနောက်ဆုံး‌ေတွ့တာမှန်းသိရင်နောက်ဆုံးအနေနဲ့ဖက်ထားလိုက်ပါတယ်

တီချယ်ရယ်သမီးဒီစာတွေကိုလေတီချယ်‌ကိုပေးဖတ်ခွင့်ရရင်သိပ်ကောင်းမှာပဲ
ဒါပေမဲ့လေတီချယ်ကဒီကမ္ဘာပေါ်မှာမရှိတော့ဘူးသမီးအချစ်ဆုံးဖြစ်တဲ့တီချယ့်ကိုဆုံးရှုံးလိုက်ရပီသမီးမာရှင်သန်ရတာကအရင်လိုမျိုး‌ေပျာ်‌ေနနိုင်‌ေသးတယ်ဆ်ို‌ေပမဲ့တခါတလေတော့လဲပင်ပန်းမိတယ်
တရောက်ထဲရှိနေတဲ့အချိန်ဆိုတီချယ့်ပုံ‌ေလးထုတ်ကြည့်ပီး‌ေတာ့တီချယ့်အကြောင်းကိုတွေးမိတိုင်းငိုမိတယ်
နောင်ဘဝမှာပြန်ဆုံချင်ပါသေးတယ်တီချယ်ရယ်
တီချယ်အပြုံးတွေ ပုံရိပ်တွေ လမ်းလျှောက်တဲ့ပုံ ဂျူတီစောင့်တဲ့ပုံ သွက်သွက်လက်လက်နေတက်တဲ့အကျင့်ရယ် တီချယ့်ရဲ့ပြောနေကျစကားတွေ အလွမ်းဆုံးကတော့တီချယ့်ရဲ့အချိုသာဆုံးအသံပါပဲသမီးအရမ်းလွမ်းနေတာ....
                                             13.10.2008

***
ရေးနေရင်းမျက်ရည်များစီးကျလာ‌ေလသည်။

______________kay______________

Reader‌ ‌ေတွ‌ေတာ့ p-12 ဖတ်ပီးဘယ်လိုနေ‌လဲတော့မသိပေမဲ့ writer ကတော့‌ေရး‌ေနရင်းနဲ့တင်ငိုမိပါတယ်။ p-12 ရေးပြီးနဲ"dဝင်သွားတယ်ဗျို့..

ထိုအမျိုးသမီးOnde histórias criam vida. Descubra agora