ယနေ့သည်စာမေးပွဲဖြေသည့်ပထမရက်ပင်။
သီရိတစ်ယောက်ဂနာမငြိမ်နိုင်ဖြစ်ကာေကျာင်းထဲတွင်ရပ်ေနသည်။
သူမတို့ကျောင်းသည်စာမေးပွဲမဖြေခင်ေကျာင်းထဲပေးမဝင်။ အဝနားတွင်သာအားလုံးအားရပ်ခိုင်းထားလေ့ရှိသည်။"ဟဲ့သီရိစာရပြီလား"
"အေးရပြီ"
"နင်ရပြီဆိုလဲဟယ်ငြိမ်ငြိမ်နေစမ်းပါ
မျက်စိနောက်လာပြီ""နင်ကလည်း"
သီရိနှင့်ယွန်းစကားပြောနေစဉ်သံစဉ်ဝင်လာသည်။
"ဟဲ့ နင်တို့စာရကြပီလား"
"ရပီပေါ့ဟ"
"ရမှပဲရမာလေမဟုတ်ရင်ကျမှာပေါ့"
"အေးပါဟဖြေးဖြေးပြောလဲရပါတယ်နင်ကလဲ"
ထိုစဉ်ခေါင်းလောင်းသံမြည်လာကာအားလုံးကိုေကျာင်းထဲဝင်ရန်အချက်ပေးသည်။
"ဝင်ကြမယ်ဟဲ့"
သံစဉ်နှင့်သီရိသည်တစ်ခန်းထဲကျပြီ။
ယွန်းသည်အခြားအခန်းတွင်သာ။ သီရိနှင့်သံစဉ်၏ခုံနံပါတ်သည် ရှေ့နောက်ဖြစ်နေခြင်းပင်။လူအုပ်ကြားထဲတွင်သူမတို့၃ဦးလူစုကွဲသွားကြတော့သည်။
သူမတို့ဖြေရမည့်အဆောင်အောက်ရောက်သော် သူမ၏jfနှင့်သူမဆရာမဟောင်းေဒါ်ရီရီစကားပြောနေကြသောကြောင့်ရှောင်သွားရန်မသင့်တော်သဖြင့်စကားဝိုင်းထဲဝင်ရတော့သည်။
နေဘုန်းခန့်သည်သူမနှင့်ငယ်စဉ်မူကြိုထဲမှစတင်ခင်လာကြကာ မိဘများမှာလည်းရင်းနှီးကြသည်။"တီချယ်...မင်္ဂလာပါရှင့်"
"အော်..သီရိ သမီးလေးစာတွေရပြီဟုတ်"
"ဟုတ် ရပါပြီတီချယ်"
ဟုပြောကာဖက်လိုက်သည်။ ထိုမြင်ကွင်းအားသိပ်မကျေနပ်သူမှာ
နေဘုန်းခန့်။"အဲ့တာဆိုကျွန်တော့်ကိုခွင့်ပြုပါအုံးတီချယ်"
"အေးအေးသွားကြတော့လေ"
"ဟုတ်ကဲ့ပါတီချယ်"
"ဟုတ်ကဲ့ပါတီချယ်"
နေဘုန်းခန့်သည်လှေကားရောက်သော် သီရိနှင့်ပထမကစာအကြောင်းပြောနေသော်လည်းအပေါ်ထပ်ရောက်ခါနီးတွင် နေဘုန်းခန့်သည်ရုတ်တရက်ေလေပါ်တွင်ဝဲကာသင်္ချာေထာင့်များေပြာေနေသာသီရိလက်အားလှမ်းကိုင်လိုက်သည်။