ခင့်အင်္ကျီစသို့သီရိရုတ်တရက်ကိုင်လိုက်သည်။
ခင်လည်းရုတ်တရက်မို့အနည်းငယ်ကြောင်သွားကာသူမအားကြည့်နေမိသည်။"ဟင်"
"ကျယ်သီးပြုတ်နေတယ်လေတီချယ်ရဲ့တပ်ပေးမယ်"
ပြောရင်းသူမအနားကပ်လာကာကျယ်သီးတပ်ပေးနေသည့်သီရိအားကြည့်ရင်းခင်တစ်ေယာက်သဘောကျမိနေတော့သည်။ ထို့နောက်ခင့်မျက်နှာနှင့်နီးကပ်လွန်းလှသည့်အနေထား
"တီချယ်ကအနီးကပ်ကြည့်ရင်တော်တော်လှတာပဲ တီချယ့်ကိုချစ်တယ်"
"ဆရာမကတော့ညည်းလိုစာမေးပွဲတိုင်းကျ ဆရာမေတွစကားနားမထောင် spyတွေသောက် နေချင်တိုင်းနေ ပီးတော့ တစ်ကျောင်းလုံးလိုက်ပတ်မွှေ ရန်ဖြစ်နေတဲ့သူကိုမချစ်နိုင်ပါဘူး"
သီရိသည်ယွန်းအားဆရာမကိုလိုက်ပြမယ်ဟုပြောထားသောကြောင့်ခင့်အားချစ်တယ်ဟုပြောခဲ့သော်လည်းခင်၏ထိုစကားကြောင့်ဘာကြောင့်မှန်းမသိ ဘယ်ဘက်ရင်အုံမှခပ်စူးစူးအောင့်လာသည်။
"ဟင့်..ရက်စက်လိုက်တာ"
ငိုမဲ့မဲ့နှင့်ပြောသောကြောင့် ခင်စကားလမ်းကြောင်းလွှဲရတော့မည်။ သူမသည်ငယ်ငယ်ထဲကအငိုလွယ်သူ သို့သော်လွန်ခဲ့သည့်၂နှစ်ကပင်အသဲမာသူအဖြစ်ပြောင်းလဲကာနေသူတစ်ဦး။
'သီရိကငါ့ေရှ့မှာငိုမဲ့မဲ့ဖြစ်နေတာလား ဟိုဆရာမတွေပြောတော့အရမ်းအသဲမာတာဆို သူမငါ့ရှေ့မှာဘယ်လိုဖြစ်လို့'
"ကဲတော်ပီ လုပ်စရာရှိတာလုပ်"
"မလုပ်ဘူးသမီးကမော်နီးထရက်စ်မှမဟုတ်တာ အိမ်မှာတောင်ဘာမှလုပ်ရတာမဟုတ်ဘူး"
"အဲ့တာညည်းအိမ်လေဒါကေကျာင်းမြန်မြန်လာလုပ် Time table ကငါဝိုင်းဆွဲပေးမယ် ဘုရားပန်းအိုးယူလဲ"
"သမီးမှမလုပ်တတ်တာကိုတီချယ်ကလဲ"
"ဒီအရွယ်ရောက်နေပီဒါတောင်မလုပ်တတ်ရအောင်ညည်းကမိန်းကလေးေနာ်ခင်သီရိေမာင် ငါလိုက်လာခဲ့မယ် ငါ့စားပွဲပေါ်မှာဘုရားပန်းတွေတင်ထားတယ်"
"ဟင့် စိတ်လျှော့ စိတ်လျှော့"
သီရိတစ်ယောက်ခင်မကြားအောင်ပြောသော်လည်းနားပါးလွန်းသည့်ခင် ကြားသွားလေသည်။