ဆရာမများနားနေခန်းထဲတွင်
"ဒီနေ့သဇင့်မွေးနေ့လေအဲ့တာကြောင့် ဆရာမတို့နဲ့သဇင့်အတန်းဖော်တွေကိုမုန့်ကျွေးချင်လို့ပါ"
"သဇင်ကဘယ်နှနှစ်ပြည့်တာလဲ"
"၁၄နှစ်ပါဆရာမ"
"သဇင်ကတကယ့်ကိုလိမ္မာတဲ့ကလေးပါ"
သူမတို့စကားပြောနေသည့်နားသို့သဇင်တစ်ယောက်မျက်ရည်နှင့်မျက်ခွက်ဖြင့်ရောက်သွားလေသည်။
"သဇင်ဘာလို့ငိုနေတာလဲ.."
"သမီးဘာဖြစ်လို့လဲ.."
"မေမေ တီချယ်သီရိကမယုံဘူး....
သမီးကေဒါ်နှင်းဆီခင်ဝင်စားတယ်ဆိုတာမယုံဘူး...အဟင့်..ဟင့်"သဇင်စတင်၍ငိုသောကြောင့်သူမ၏မိခင်နှင့်ကလျာမှာလည်းကြောင်တောင်တောင်ဖြစ်သွားလေသည်။
"ဘွားဘွားလိုက်ရှင်းပြပေးပါ့မယ်သမီးရယ် မငိုနဲ့တော့နော်..."
"ခန...သဇင်က အမခင်ဝင်စားတာလား"
"သမီးသဇင့်ကိုမျက်နှာသွားသစ်ပေးလိုက်ပါအုံး"
"ဟုတ်ကဲ့မေမေ"
~~~
သီရိအတန်းချိန်ဝင်ပြီးပြန်ထွက်လာရင်း
သူမနာရီလေးအားတစ်ချက်ကြည့်လိုက်သော်10နာရီထိုးေတာ့မည်။"သီရိ.."
"တီချယ်ကလျာ...သမီး.."
"ခန..မြန်မြန်လေး"
"ဘာလို့လဲတီချယ်"
သီရိသတိမထားမိသည်မှာဒေါ်နှင်းဆီခင်၏အမရောက်နေသည်ကိုပင်။
"သမီး..."
သူမ၏ခေါ်သံကြောင့်သီရိလှည့်ကြည့်လိုက်ပြီး
"အဒေါ်က..."
"သမီးကခင့်ရဲ့မရှိမဖြစ်လေးကို"
"ရှင်.."
"အဒေါ်ကိုမှတ်မိလား.."
"အဒေါ်ကတီချယ်ဒေါ်နှင်းဆီခင်ရဲ့...အမလား.."
"အင်း ဟုတ်ပါတယ်"
"သီရိ သဇင်ပြောတာအမှန်တွေပဲ.."
"ရှင်...ဘာကိုပြောတာလဲဟင်"
"နမည်လေးကသီရိတဲ့လား"
![](https://img.wattpad.com/cover/355679131-288-k262146.jpg)