p-5

297 10 0
                                    

~~
"ပြန်တွေးကြည့်ရင်မနေ့တနေ့ကလိုပါလား သတိရလိုက်တာတီချယ်ရယ်"

အမှတ်တရများစွာရှိခဲ့သည့်အခန်းတစ်ခန်းရှေ့ ခုံတွင်ထိုင်ရင်း အမျိုးသမီးတစ်ယောက်ပုံလေးကြည့်ကာ ရယ်‌မောရင်းပျော်ပါးခဲ့သည့် ပြန်မရတော့တဲ့အမှတ်တရများအားတွေးနေသည့်
ဆရာမတစ်ဦး။ ပျော်စရာအမှတ်တရများမှနာကျင်စရာအမှတ်တရများ ထိုအတိတ်များပြန်တွေးရင်းပျော်ရွှင်နေရင်းမှထိုအတိတ်များအားပြန်‌ေတွးရင်း ရင်နာခြင်း၊ လောကကြီးအားစိတ်နာခြင်း၊ နှုတ်မဆက်ဘဲထွက်ခွာသွားတဲ့တစ်စုံတစ်ယောက်ကိုလွမ်းဆွတ်ခြင်းများဖြင့် မျက်ရည်များမှာအဆက်မပျက် စီးကျနေ‌သည်။ ယနေ့ကား၁၅နှစ်ပြည့်သည့်နေ့မို့ မျက်ရည်များအားမတားအစီးမဲ့စိတ်ကြိုက်ပြိုလဲခွင့်ပေးထားသည်။

~~

"သီရိ သမီးတင်္နလာနေ့အတန်းပြောင်းရမယ်"

စိတ်ပျက်လက်ပျက်နှင့်ပြောနေကို သီရိတစ်ယောက် ခင့်မျက်နှာမြင်လျှင်သိနိုင်သည်။ မျက်နှာလေးမှာအတော့်ကိုညှိုးနွမ်းနေသည်။ သီရိအတော့်ကိုစိတ်ပူသွားသည်မှာအမှန်။

"ဘာဖြစ်လို့လဲဟင်"

"စာတော်တဲ့သူတွေကAခန်းမှာပဲနေရမယ်လေ အတန်းပြောင်းဖို့ပြင်ထားပါ"

ခင်သူမရှေ့တွင်ပျက်သားရမည်။
မဟုတ်လျှင်သီရိတစ်ယောက်အရင်ပုံစံပြန်ပြောင်းသွားလိမ့်မည်။
ခင်အားမျက်ရည်များဝဲလျက်

"သမီးတီချယ့်စိတ်ကြိုက်အရင်ပုံစံပြန်ပြောင်းပြီးပြီလေတီချယ်ကလဲအဲ့လိုမလုပ်သင့်ပါဘူး"

"အတန်း‌ေပြာင်းတာ‌ေလကွယ်‌
‌ေကျာင်းမှမဟုတ်တာသမီးရယ်ဆရာမနဲ့တွေ့ရမှာပဲကို ဆရာမကAခန်းကိုလဲစာဝင်သင်ပါတယ်ကွယ်"

ခင့်ရှေ့တွင်ငိုချတော့မည်လား။

ထိုစဉ်ဒေါ်မေလကြိုင်ရောက်လာကာ

"သီရိ.."

"ရှင်.."

ငိုတော့မည်မျက်နှာလေးဖြင့် ကြိုင့် အားကြည့်ရင်း

"တီချယ် .. အဟင့်..ဟင့်"

သီရိသည်ကြိုင့်ရင်ခွင်အားမျက်နှာအပ်၍ငိုချလိုက်တော့သည်။

ထိုအမျိုးသမီးNơi câu chuyện tồn tại. Hãy khám phá bây giờ