ကျုံးချောင်ယန်က ပြုံးပြီး "ကောင်းပြီ" လို့ ပြောသည်။

သူက စားပွဲဘက်ကို လျှောက်လာပြီး God of Cooking Gourmet Flagship Store ဟု တံဆိပ်နှိပ်ထားတဲ့ ကြွေပန်းကန်တွေကို မြင်တဲ့အခါ အနည်းငယ် အံ့ဩသွားပြီး "ဒါတွေအကုန်လုံးက God of Cooking Gourmet Flagship Store က အစားအစာတွေကို ပါဆယ်ထုပ်ပြီး ယူလာတာလား? ဒီနေ့ ငါတို့ ကံကောင်းတာဘဲ။"

ရဲ့ရှောင်ယွီက ပြုံးပြီး ပြောသည်။ "ဒါတွေအကုန်လုံးကို ဟွေ့ဟွေ့က သူ့ဆိုင်ကနေ ယူလာတာ။"

ကျုံးချောင်ယန်က God of Cooking Gourmet Flagship Store က အစားအစာတွေက Jiang Cheng မှာ နံပါတ် 1 ဖြစ်ပြီး အဲမှာ သွားစားမယ်ဆိုရင် တော်တော်ကုန်ကျမည် ဖြစ်တာကို သိသည်။

သူက ကျန်းဟွေ့ကို ပြုံးပြုံးလေး ကြည့်ပြီး "ဟွေ့ဟွေ့ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။"

ကျန်းဟွေ့က ပေါ့ပေါ့ပါးပါး ပြုံးပြပြီး "အားနာစရာ မလိုပါဘူး။"

သူမက သူ့အတွက် မဟုတ်ဘဲ ရဲ့မိသားစုက လူကြီးနှစ်ယောက်အတွက် ယူလာခဲ့တာ ဖြစ်သည်။

ကျုံးချောင်ယန်က နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးပုံပေါက်သော်လည်း ကျန်းဟွေ့က သူက အရာရှိတစ်ယောက်ဖြစ်တယ်ဆိုတဲ့ ခံစားချက်ကို ခံစားရတဲ့အတွက် သူကို့ သိပ်သဘောမကျပေ။

ဒါပေမဲ့ ရဲ့ရှောင်လန်က လူကောင်းတစ်ယောက် ဖြစ်တာကြောင့် ကျန်းဟွေ့က သူမမျက်နှာနဲ့ ရဲ့မိသားစု၏ မျက်နှာဖြင့် သူ့ကို အနည်းငယ် မျက်နှာသာ ပေးလိုက်သည်။

ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့တို့ နှစ်ယောက်စလုံးက ရဲ့မိသားစု၏ အကြီးအကဲနှစ်ယောက်နဲ့အတူ ထမင်းအတူစားပြီးနောက် ခဏလောက်ထိုင်ကာ ခွင့်တောင်းပြီး ပြန်ခဲ့သည်။

ရဲ့ရှောင်ယွီက ဒီနေ့ညတွင် အိမ်မှာ အနားယူမည် ဖြစ်သည်။

ရဲ့ရှောင်လန်တို့ မိသားစုသုံးယောက်ကိုလည်း ရှဟုန်က ရဲ့အိမ်တွင် နေခိုင်းသည်။

ရှဟုန်က ကျန်းဟွေ့ကို အိမ်မှာ နေခိုင်းသော်လည်း ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့က လက်မထပ်ရသေးပေ။ ဒါကြောင့် ရဲ့မိသားစုအိမ်မှာ တစ်ညမနေရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမက ရှဟုန်ရဲ့ ကြင်နာမှုကို ငြင်းပယ်လိုက်သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now