Ch 57

679 60 1
                                    

Ch 57

နောက်တစ်နေ့

ရွာလူကြီးက အဖွဲ့ကို ကိုယ်တိုင် ဦး‌ဆောင်သည်။ သူက အလယ်တန်း အထက်တန်း ကျောင်းသူ 50 နဲ့ သူရဲ့ကနေဦး စစ်ဆေးမှုကို အောင်မြင်တဲ့ လက်သမား 10 ယောက်နဲ့အတူ မြို့ထဲကို ဘစ်စကား စီးလာခဲ့ပြီး Wan Jie စက်မှုဇုန်ကို လမ်းလျှောက်လာခဲ့သည်။

လူ 60 ရှိသော ၎င်းတို့အုပ်စုက Wan Jie စက်မှုဇုန်ကို ရောက်တဲ့အခါ ပင်ပန်းနွမ်းနယ်မှု၊ ဆာလောင်မှုနဲ့ ရေဆာခြင်းတို့ကြောင့် ချွေးအရမ်း ထွက်လာသည်။

အစောင့်ခန်းတွင် တာဝန်ကျ လုံခြုံရေးအစောင့် တစ်ယောက်ရှ်ိပြီး နောက်တစ်ယောက်မှာ လုံခြုံရေးမှူး ချန်တုံး ဖြစ်ကာ စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်သည်။

ချန်တုံးက Wan Jie စက်မှုဇုန် တံခါးတွင် စုပြုံနေတဲ့ လူများစွာကို တွေ့တာနဲ့တစ်ပြိုင်နက် သူက အလျင်အမြန် ထွက်လာပြီး "ဘာလုပ်နေကြတာလဲ?" လို့ အသံနက်ကြီးနဲ့ မေးလိုက်သည်။

ရွာလူကြီးက ချန်တုံးကို ကြည့်လိုက်သည်။ သူက လုံခြုံရေး ယူနီဖောင်း ဝတ်ထားပြီး အားကောင်းမောင်းသန် ပုံစံ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြော့င် ချန်တုံးကို လေးစားစွာ ကြည့်ပြီး ရှေ့သို့ တက်လာကာ "မင်္ဂလာပါ ရဲဘော် ကျွန်တော်ကို ရဲဘော်ကျန်းဟွေ့ရဲ့ မိတ်ဆွေပါ။ သူမက အင်တာဗျူးအတွက် ရွာကလူတွေကို ခေါ်ခိုင်းထားလို့ပါ။ ကျေးဇူးပြုပြီး အကြောင်းပေးပါဗျာ။"

ချန်တုံးက ကျန်းဟွေ့ရဲ့ ရွာက လူတွေ ဖြစ်တယ်ဆိုတာကို သိလိုက်တဲ့အခါ သူက အတွင်းဖုန်းတစ်ခုကို ချက်ချင်း ကောက်ကိုင်ပြီး ရဲ့ရှောင်ယွီကို "မစ္စတာရဲ့ မရီးရဲ့ ရွာက ရွာလူကြီးက အင်တာဗျူးဖို့ လူတစ်စုကို ခေါ်လာပါတယ်။"

ရဲ့ရှောင်ယွီက "ကောင်းပြီ သူတို့ကို ရုံးခန်းလာဖို့ ပြောလိုက်ပါ။"

"ဟုတ်ကဲ့"

ချန်တုံးက ဖုန်းချပြီးနောက် သော့ခတ်ထားတဲ့ တံခါးကို ဖွင့်ပြီး "ရဲဘော် အင်တာဗျူး ဖြေဖို့ ကျွန်တော်နောက်က လိုက်ခဲ့ပေးပါ။" လို့ ပြောလိုက်သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းDonde viven las historias. Descúbrelo ahora