Ch 19

1.8K 195 2
                                    

Ch 19

ရဲ့ရှောင်လန်က သူမလက်ကို ဝှေ့ယမ်းပြီး "ခဏနေပါအုံး ချည်ငင်စက်ရုံ လုပ်တဲ့ စက်ရုံတာဝန်ခံကို ကိုယ်တိုင်လာခိုင်းပြီး အခြေအနေ မေးလို့ရတယ်။ မင်းတို့ကိုယ်တိုင် ဆွေးနွေးကြ ငါလုပ်ပေးမယ်။"

ရဲ့ရှောင်ယွီက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ။ ဒါဆို သူ့ကို တိုက်ရိုက်စကားပြောဖို့ ခေါ်လိုက်ပါ။"

ရဲ့ရှောင်လန်က စားပွဲပေါ်ရှိ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ချည်မျှင်စက်ရုံ ဒါရိုက်တာ ချန်အိုက်မင်း ရဲ့ ဖုန်းနံပါတ်ကို နှိပ်လိုက်ပြီး စက်ရုံရဲ့ လက်မှတ် အားလုံးကို သူမဆီ ယူလာရန် တစ်စုံတစ်ဦးမှ ထိုစက်ရုံကို ဝယ်ချင်ကြောင်း ပြောပြခဲ့သည်။

ရဲ့ရှောင်လန်က စက်ရုံကို ဝယ်လိုသူမှာ သူမ၏မောင်ဖြစ်သူ ဖြစ်ကြောင်း ချည်ငင်စက်ရုံမှ ဒါရိုက်တာကို ပြောကြားခြင်း မရှိပေ။ အာဏာအလွဲသုံးစား လုပ်မှု၊ ဆွေမျိုးအတွက် အစိုးရကို အခွင့်ကောင်းယူတာလို့ သူမ စွပ်စွဲမခံခြင်းပေ။

သူမက အလယ်မျဉ်းတစ်ကြောင်း ဆွဲပြီး သဘေယတူညီချက်ကို ဘယ်လိုပိတ်ရမလဲ ဆိုတာကို ဆွေးနွေးခွင့် ရှိသည်။

ချည်ငင်စက်ရုံ ဒါရိုက်တာ ချန်အိုက်မင်းက ရဲ့ရှောင်လန်ရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် စက်ရုံရှိ စာရင်းကိုင်ကို အလျင်အမြန်ခေါ်ကာ စက်ရုံအဆောက်အအုံရဲ့ တရားဝင်တံဆိပ်နဲ့ သက်ဆိုင်ဂာ လက်မှတ်များကို ယူကာ မြို့တော်ခန်းမဆီ ပြေးသွားခဲ့သည်။

ဒါရိုက်တာ ချန်နဲ့ စာရင်းကိုင်တို့က ရဲ့ရှောင်လန် ရုံးခန်းကို အမြန်သွားပြီး ရဲ့ရှောင်လန် ရုံးခန်း တံခါး ခေါက်လိုက်သည်။

ရဲ့ရှောင်လန်က သူတို့က ဝင်ခိုင်းပြီး ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့ကို ဒါရိုက်တာချန်နဲ့ မိတ်ဆက်ပေးသည်။ "ဒါရိုက်တာချန် ဒီနှစ်ယောက် ရဲဘော် ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့ပါ။ သူတို့က မင်းရဲ့ အဆောက်အအုံကို ဝယ်ချင်နေတာ။ ကျေးဇူးပြုပြီး ထိုင်ပြီး စကားပြောပါ။"

စက်ရုံဒါရိုက်တာချန်က နိုင်ငံပိုင်ယူနစ်များတွင် နှစ်ပေါင်းများစွာ ကျင်လည်နေခဲ့ပြီး သူက ကျော်စားသူဟောင်း တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ရောနှောခဲ့သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now