Ch 60.1

643 53 0
                                    

Ch 60.1

ရဲ့ရှောင်ယွီက ကျိုးနွံစွာ ပြုံးလိုက်ပြီး "ခေါင်းဆောင်တွေရဲ့ ချီးကျူးမှုနဲ့ အားပေးမှုကို ကျေးဇူးတင်ပါတယ်။ အဲဒီပန်းတိုင် ရောက်အောင် ကျွန်တော်တို့ သေချာပေါက် ကြိုးကြိုးစားစား သတ္တိရှိရှိ ချီတက်ပြီး ပန်းတိုင်ကို အမြန်ဆုံး ရောက်အောင် ကြိုးစားသွားမှာပါ။"

မြို့အစိုးရခေါင်းဆောင်များက ရဲ့ရှောင်ယွီ၏ အာမခံချက်ကို ကြားတဲ့အခါ "ကောင်းတယ် ကောင်းတယ်။ ဒါဆို သတင်းကောင်းကို စောင့်နေပါမယ်။"

ရဲ့ရှောင်ယွီက မြို့တော်အစိုးရ ခေါင်းဆောင်များအနားတွင် အတွင်းရေးမှူးတစ်ယောက်က အမြဲဓာတ်ပုံရိုက်လေ့ရှိတာကို သတိပြုမိသည်။

သူက အရမ်းသိချင်နေခဲ့သည်။ ခေါင်းဆောင်က သူတို့ကို Peng Cheng ရဲ့ သတင်းနဲ့ သတင်းစာတိုင်းတွင် ထည့်သွင်းစေချင်သေးတာလား?

လည်ပတ်ကြည့်ရှုပြီးနောက် မြို့တော်ခန်းမ ခေါင်းဆောင်က "မစ္စတာရဲ့ Lou Hu နဲ့ Dong Men မှာ ရှိတဲ့ ခင်ဗျားရဲ့ အဆောက်အအုံနှစ်ခုကို ပြန်လည်မွမ်းမံတော့မယ်ဆိုတာကို ကြားတယ်။ ဘယ်အချိန် ဖွင့်ဖို့ စိတ်ကူးထားလဲ?"

သူကြားဖူးတာက Wan Jie စူပါမားကတ်က Jiang Cheng တွင် အလွန်ရေပန်းစားသည်။ နေ့စဉ်ဝင်ငွေက သန်းပေါင်း သောင်းနဲ့ချီ ရှိတယ်လို့ ကြားသည်။ သူက Peng Cheng တွင် ဖြစ်နိုင်သမျှ Wan Jie စူပါမားကတ် အမြန်ဆုံးဖွင့်ရန် အမှန်တကယ် မျှော့်လင်နေတာ ဖြစ်သည်။

ရဲ့ရှောင်ယွီက "ကျွန်တော်တို့လည်း စောစောဖွင့်ဖို့ စိတ်စောနေပါတယ်။ အခု ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ ဇွန်လမှာ ဖွင့်မယ်လို့ ခန်းမှန်းထားပါတယ်။ အချိန်ပေးပြီး စစ်ဆေးပေးဖို့ ခေါင်းဆောင်တွေကို တောင်းဆိုပါတယ်။"

မြို့တော်အစိုးရ ခေါင်းဆောင်က ရယ်ပြီး ပြောသည်။ "ကောင်းပြီ အချိန်ရရင် လာကြည့်ပါမယ်။ ဒီက စီးပွားရေးပုံစံအသစ်ကို ကြည့်ချင်တယ်။ လူတွေကြား အရမ်းကို ရေပန်းစားတယ်လို့ ကြားတယ်။"

ရဲ့ရှောင်ယွီက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။ "ဟုတ်ပါတယ်။ သာမန်လူတွေက ဒီလိုကိုယ်ပိုင်ရွေးချယ်မှုပုံစံကို အရမ်းကြိုက်ကြတယ်။ စူပါမားကတ်မှာ ဘာဘဲကြိုက်ကြိုက်၊ လိုချင်လိုချင် ဝယ်လိုရတယ်။ လက်မှတ်မလိုလို့ လူတိုင်းကြိုက်ကြပါတယ်။"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now