Ch 35

1.1K 117 2
                                    

Ch 35

ရွှီးယောင်က ဖျော်ဖြေပွဲပြီးတော့ လူတိုင်း ဂရုမစိုက်နေချိန် လျှပ်စစ်ပစ္စည်းဆိုင်ထဲ တိတ်တဆိတ်ဝင်ရောက်ခဲ့သည်။

အီလက်ထရွန်းနစ် ပစ္စည်းဆိုင်အတွင်း လူပင်လယ်ကြီး ဖြစ်‌နေသည်။

ဒါပေမဲ့ အထဲမှာ လူဘယ်လောက်ဘဲရှိရှိ ရွှီးယောင်က တစ်ချက်တည်းနဲ့ ရဲ့ရှောင်ယွီကို ရှာတွေ့သည်။

သူက လျှပ်စစ်ပစ္စည်းဆိုင်အတွင်းရှိ လျှပ်စစ်ပစ္စည်းမျိုးစုံကို မိတ်ဆက်ပေးကာ ဖောက်သည်များနဲ့ စကားပြောနေသည်။

အခုချိန်တွင် ရဲ့ရှောင်ယွီရဲ့ ခန္ဓာကိုယ်က တောင့်တင်းကာ ဆွဲဆောင်မှုရှိပြီး သူမရဲ့ မျက်လုံးများက သူ့ကို အာရုံစိုက်နေပြီး တခြားကို မကြည့်နိုင်တော့ပေ။

ရဲ့ရှောင်ယွီက သူ့ကို တစ်စုံတစ်ယောက် စိုက်ကြည့်နေတာကို ခံစားလိုက်ရသဖြင့် ရွှီးယောင်ရှိရာ နေရာကို မော့ကြည့်လိုက်သည်။

ရဲ့ရှောင်ယွီက ရွှီးယောင် ဖျော်ဖြေရေးဝတ်စုံ ဝတ်ဆင်ထားဆဲဖြစ်ကြောင်း တွေ့လိုက်ရပြီး သူမက ဒီနေ့ ‌ဖျော်ဖြေရန် ရောက်လာသည့် သရုပ်ဆောင်တစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသည်။

ဒါပေမဲ့ သူမက ဘယ်သူဖြစ်ကြောင်း နာမည်ဘယ်လိုခေါ်ကြောင်း သူတကယ် မသိပေ။

အရင်က သူနဲ့ မစ္စရှဟုန်တို့က ဖန်ခေါင်းဆောင်ကို သွားနှုတ်ဆက်ခဲ့ပြီး မထွက်သွားခင် စကားအနည်းငယ် ပြောခဲ့သည်။

အဲ့ဒီအစား မစ္စရှဟုန်က ဖန်ခေါင်းဆောင်နဲ့ ခဏလောက် စကားစမြည်ပြောခဲ့သည်။

ရွှီးယောင်က ရဲ့ရှောင်ယွီ လှမ်းကြည့်သည်ကို မြင်တဲ့အခါ ချိုမြိန်တဲ့ အပြုံးဖြင့် ပြုံးပြလိုက်သည်။

မထင်မှတ်ဘဲ ရဲ့ရှောင်ယွီက သူမကို မမြင်လိုက်သလို မျက်နှာမှာ ဘာအမူအရာမှ မရှိဘဲ ခပ်မြန်မြန်ဘဲ အဝေးကို လှမ်းကြည့်လိုက်သည်။

ရွှီးယောင်ရဲ့ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း အေးခဲသွားသည်။

ဒါပေမဲ့ ရဲ့မိသားစုကို လက်ထပ်ရန် စိတ်ကူးယှဉ်အိပ်မက်ကို တွေးလိုက်ပြီး သူမရဲ့ သတ္တိကို ပြန်စုစည်းကာ အသက်ပြင်းပြင်းရှူပြီး ရဲ့ရှောင်ယွီထံ လျှောက်လာခဲ့သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now