Ch 21

1.8K 183 3
                                    

Ch 21

ရဲ့ရှောင်ယွီက လုံးဝဂရုမစိုက်ဘဲ "ဟွေ့ဟွေ့ *အစ်ကို ညီမကို ယုံတယ်*။ အစ်ကို့ကို လှည့်စားမှာ မဟုတ်ဘူးဆိုတာကို သိတယ်။" လို့ ပြောသည်။
(T/N *အဲ့နားကို ချစ်သူမဖြစ်သေးတာကို မေ့ပြီး ကိုယ့်အချစ်ကို ယုံတယ်လို့ ရေးနေတာ)

ကျန်းဟွေ့က သူရဲ့ အလေးနက်ထား ယုံကြည်မှုကို ရင်ဆိုင်ရန် ဘာပြောရမှန်း မသိတော့ပေ။

ခဏအကြာတွင် သူမက ရဲ့ရှောင်ယွီကို "အစ်ကိုရဲ့ ဒီအဆောက်အအုံနဲ့ မြေကွက်ပေါ်မှာ ညီမနာမည် ရေးထားမို့ အဆောက်အအုံနဲ့ မြေကွက်ဝယ်ဖို့ ပိုက်ဆံအားလုံးကို ပြန်ပေးပါမယ်။"

"ညီမတို့မှာရှိတဲ့ ယွမ် 15,000 ကို ဟိုက်ပါမားကတ်မှာ ရင်းနှီးမြုပ်နှံငွေအဖြစ် သတ်မှတ်ပြီး အရင်ကပြောထားသလိုဘဲ ကုန်ပစ္စည်းအရင်းအမြစ်နဲ့ ဝယ်ယူတာကို ညီမတာဝန်ယူတယ်။ လည်ပတ်မှုနဲ့ ရောင်းအားအတွက် အစ်က်ိုမှာ တာဝန်ရှိတယ်။ အမြတ်ကို တစ်ယောက်တစ်ဝက်ဆီ ယူကြမယ်။"

သူမရဲ့လေသံက နူးညံ့သိမ့်မွေ့ပြီး ငြိမ်သက်မေသောမလည်း ရဲ့ရှောင်ယွီက သူမရဲ့စကားများကို စွဲစွဲမြဲမြဲကြားနေရသည်။

သူတို့နှစ်ယောက် အခုမှတွေ့ဖူးတာကိုလည်း သူစိတ်ထဲမှာ သိတယ်။ ကျန်းဟွေ့က သူ့ဆီက ဒီလောက်ကြီးကျယ်တဲ့ကျေးဇူးကို လက်မခံချင်ဘူး ဆိုတာ သေချာတယ်။ အဲ့ဒါကို တွေးမိတာနဲ့ သူက "ကောင်းပြီ ညီမပြောတဲ့အတိုင်း လုပ်ရအောင်။" ဆိုပြီး သူ‌မနည်းလမ်းအတိုင်း လုပ်လိုက်သည်။

ထိုသို့ဖြင့် ကျန်းဟွေ့က ရဲ့ရှောင်ယွီကို နောက်ထပ် ယွမ် 15,000 အကြွေးတင်ပြန်သည်။

ဒါပေမဲ့ ထိုအဆောက်အအုံနဲ့ ကြီးမားသောမြေကွက်က သူမရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်လာခဲ့သည်။

သူမအတွက် ဒါက အရမ်းတွက်ခြေကိုက်လွန်းသည်။

ရဲ့ရှောင်ယွီရဲ့ အဆက်အသွယ်များ မရှိဘဲ ဒီတစ်ကြိမ်တွင် သူမ ဤကဲ့သို့ ကောင်းမွန်းသော နေရာကို ဒီဈေးနှုန်းဖြင့် မရနိုင်ပေ။

အစက ဒီပိုင်ဆိုင်မှုကို ပူးတွဲပိုင်ဆိုင်သူနှစ်ဦးရဲ့ အမည်များကို ရေးရန် စိတ်ကူးထားသည်။ အနာဂတ်တွင် လူနှစ်ဦးကြား သဘောထားကွဲလွဲပြီး ခွဲထွက်လိုသည့်အခါ ပိုင်ဆိုင်မှုများကို ပုံမှန်အတိုင်း ခွဲနိုင်သေးသည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now