Ch 49

969 76 1
                                    

Ch 49

မေးခွန် မေးတဲ့သူက မြို့တော်အစိုးရ ခေါင်းဆောင်ကုရဲ့ ဇနီးဖြစ်သည်ကို ရှဟုန်က တွေ့လိုက်ရပြီး သူမက ပြုံးကာ "ညီမရဲ့ ရှောင်ယွီမှာ သူကြိုက်နေတဲ့လူ ရှိ‌နေပြီ။"

ရဲ့ရှောင်ယွီမှာ ကြိုက်နေတဲ့သူ ရှိတယ်ဆိုတာကို မစ္စကု ကြားတဲ့အခါ သူမရဲ့ ဆွေမျိုးတွေက သူမကို စိတ်ပျက်သွားမှာ ဖြစ်ကြောင်း သိလိုက်ရပြီး သူမက ခပ်မြန်မြန် ပြုံးကာ "ဒါဆို ညီမလေးရှကို အရင်ဂုဏ်ပြုပါတယ်။ ရှောင်ယွီရဲ့ ပြောင်မြောက်တဲ့ ရုပ်ရည်နဲ့ အကျင့်စရိုက်ကြောင့် သူ ကြိုက်တဲ့လူက အရမ်းတော်မှာဘဲ ဟုတ်တယ်မလား။"

ရှဟုန်က ငယ်ရွယ်ပြီး အရည်အချင်းရှ်ိတဲ့ ကျန်းဟွေ့ကို တွေးမိပြီး ပြုံးကာ ခေါင်းည်ိတ်ပြီး "ဟုတ်တယ် အဲဒီကလေးမလေးက အရမ်းတော်တာ။ ညီမတို့ မိသားစုတစ်ခုလုံးက သူမကို အရမ်းသဘောကျကြတယ်။"

မစ္စကုက "ဘယ်မိသားစုရဲ့ သမီးလေးက ကံကောင်းလဲဆိုတာ သိချင်လိုက်တာ။ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် သိကြလား။"

ရှဟုန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြီး "အစ်မတို့ တစ်ယောက်နဲ့ တစ်ယောက် မသိကြပါဘူး။ ညီမတို့ ရှောင်ယွီ လက်ထပ်တဲ့အချိန်ကြရင် ဘယ်သူလဲဆိုတာ သိရလိမ့်မယ်။"

မစ္စကု ဒေါတသကြီး ပြုံးပြီး ပြောသည်။ "ညီမက အရမ်းလျှို့ဝှက် ဆန်းကြယ်တာဘဲ။ ရှောင်ယွီရဲ့ မင်္ဂလာအရက်ကို စောင့်နေမယ်။"

ရှဟုန်နဲ့ မစ္စကုတို့ရဲ့ စကားဝိုင်းကို နားထောင်ရင်း အမျိုးသမီးဧည့်သည် တော်တော်များများက စိတ်ပျက်သွားခဲ့ကြပြီး ဘယ်မိန်းကလေးကို စွဲလန်းနေလဲဆိုတာ သိချင်ကြကာ မှန်းဆနေကြသည်။

နေ့လယ်စာ စားပွဲတွင် Chef God Gourmet Flagship Store ရဲ့ ခမ်းနားကြီးကျယ်တဲ့ ဧည့်ခံပွဲတွင် ကျန်းဟွေ့က စားဖိုမှူးတစ်စု ပြင်ဆင်ထားတဲ့ အစားအစာများကို ကိုယ်တိုင်ကိုယ်ကျ ယူဆောင်လာခဲ့သည်။ အရသာရှိလွန်းသဖြင့် ဧည့်သည်တွေ အားလုံးက ချီးမွန်းပြီး နောက်တစ်ခေါက် ထပ်လာမယ်လို့ ပြောကြသည်။

ဒီရဲ့ Chef God Gourmet Flagship Store ရှိ ပါဝင်ပစ္စည်း အများအပြားကို ကျန်းဟွေ့က Mall ရဲ့ Original Plane ကနေ ဝယ်ယူခဲ့သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now