Ch 59.2

675 62 0
                                    

Ch 59.2

သင်ကြားရေး အဆောက်အအုံများ ဆောက်လုပ်လှူဒါန်းခြင်းနဲ့ လမ်းပြုပြင်ခြင်းအတွက် ခွင့်ပြုချက်စာရွက်စာထမ်းများ ထွက်လာတဲ့အခါ ကျန်းဟွေ့က ၎င်းတို့ကို ဆောက်လုပ်ရန်အတွက် အင်ဂျင်နီယာအဖွဲ့ကို တိုက်ရိုက်စေလွှတ်မည် ဖြစ်သည်။ တခြားသူများ ရှာဖွေရန် မလိုအပ်တော့ဘဲ ရွာသူကြီးက ဘယ်သူမှ အကျိုးအမြတ်မရအောင် ကာကွယ်ပေးမည် ဖြစ်သည်။

မူလတန်းကျောင်း သင်ကြားရေး အဆောက်အအုံကို 'နင်းရှန် အဆောက်အအုံ' ဟု ခေါ်သည်။

ကျန်းဟွေ့က သူမမိခင် ရဲ့နင်းရှန်အတွက် ကောင်းချီးများနဲ့ ကုသိုလ်များကို စုဆောင်းရန် ဒီကုသိုလ်ကောင်းမှုကို အသုံးပြုလိုသည်။ ဒါမှ သူမက ဒီဘဝတွင် ဘေးကင်းပြီး ကျန်းမာကာ အသက်ရှည်မည် ဖြစ်သည်။

ဘိုးဘွားရိပ်သာ တည်ဆောက်ရေး ကိစ္စကို ဆွေးနွေးပြီးနောက် ကျန်းဟွေ့နဲ့ မျိုးနွယ်စု အကြီးအကဲများက ၎င်းကို လာရောက်ပြုပြင်ရန် ကျွမ်းကျင်သူတချို့ကို ရှာဖွေရန် စီစဉ်ကြသည်။
(MTL ဆိုတဲ့အတိုင်း နည်းနည်း လွှဲပါတယ်။ အပေါ်မှာ ဘိုးဘွားခန်းမ အောက်မှာ ဘိုးဘွားရိပ်သာ အရမ်းကောင်းတယ်။ ဘိုးဘွားရိပ်သာလိုဘဲ သုံးပါမယ်။)

ဘိုးဘွားရိပ်သာကို ပိုမိုခမ်းနားလှပစွာ ပြုပြင်ပါက ဘိုးဘွားစဉ်ဆက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မည် ဖြစ်ကာ ကုသိုလ်လည်း ရမည် ဖြစ်သည်။

ရွာမှာ ဘိုးဘွားတွေကို ကန်တော့ဖို့ ဘယ်သူဘဲ ပြန်လာပါစေ ဒီဘိုးဘွားခန်းမကို တွေ့တဲ့အခါ သူမတို့မိသားစု အကြောင်း ကောင်းကောင်း ပြောမည် ဖြစ်သည်။
(သေချာပြီ ဒါက ဘိုးဘွားခန်းမဆိုတာ)

ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုများနဲ့ သက်ကြီးရွယ်အိုများကို ကူညီပေးခြင်းအတွက် အားလပ်ရက်တွင် လူများစွာကို တိုက်ရိုက်ပို့ဆောင်ပေးမည် ဖြစ်သည်။

ပညာသင်ဆုအတွက် နောက်ဆုံးစာမေးပွဲ အပြီးတွင် ထူးချွန်ကျောင်းသားစာရင်းကို ကျောင်းက ပို့ပေးမည် ဖြစ်ပြီး သူမတို့က တိုက်ရိုက်ဆုချီးမြှင့်မည် ဖြစ်သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now