Ch 51

922 80 0
                                    

Ch 51

မစ္စတာရဲ့က သူ့ကို တိုက်ရိုက် အဖြေ ပြန်ပေးသည်။ "ဗိုလ်ချုပ်က အဲတာက မိုဘိုင်းလ်ဖုန်းဘဲ။ အချိန်နေရာမရွေး သယ်ဆောင်သွားလို့ရတဲ့ နည်းပညာမြင့် မိုဘိုင်းလ်ဖုန်း ဖြစ်ပြီး နိုင်ငံခြားနတ်ဆိုးတွေရဲ့ နည်းပညာထက် အများကြီး အဆင့်မြင့်တယ်။"

ဗိုလ်ချုပ်ယန်က စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ "လောင်ရဲ့ မင်းပြောတာ အမှန်လား။"

သူက စိတ်လှုပ်ရှားနေပြီး "ဟုတ်ပါတယ် အမှန်ပါဘဲ။ ဗိုလ်ချုပ်ယန် ကျွန်တော်အခု လက်ကိုင်ဖုန်းနဲ့ ခေါ်နေတာပါ။ ကျွန်တော်အသံ ရှင်းရဲ့လား။"

ဗိုလ်ချုပ်ရန်က ချက်ချင်း ပြန်ပြောသည်။ "ရှင်းလင်းတယ်။ အရမ်းရှင်းလင်းတယ်။ လောင်ရဲ့ မြန်မြန် လူတစ်ယောက်ကို ဒီရတနာ ငါ့မြို့ကို ပိုပေးပါ။ ငါ့မျက်စိနဲ့ မြင်ချင်လို့ အဆင်ပြေလား?"

လောင်ရဲ့က မဆိုင်းမတွပြန်ဖြေသည်။ "သေချာပေါက် ရတာပေါ့။ ဒီရတနာကို ခင်ဗျား ကြည့်လို့ရအောင် လူနဲ့ပို့ပေးလိုက်မယ်။"

ဖုန်းချသွားပြီးနောက် အဘိုးအိုရဲ့က ကျန်းဟွေ့နဲ့ ရဲ့ရှောင်ယွီကို "ရှောင်ယွီ ဟွေ့ဟွေ့ သားတို့နှစ်ယောက်ရဲ့ လက်ကိုင်ဖုန်းကို ယူပြီး ငါနဲ့အတူ ချက်ချင်း အထူးလေယာဉ်နဲ့ မြို့တော်ကို သွားပြီး ခေါင်းဆောင်ဟောင်းကို သွားတွေ့ပြီး ဒီကိစ္စကို သတင်းပို့ရမယ်။"

ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့က တညီတညွတ်တည်း "ဟုတ်ကဲ့" လို့ ပြန်ဖြေသည်။

မစ္စတာရဲ့က အထူးလေယာဉ်ကို လွဲပြောင်းပေးဖို့ လှမ်းခေါ်တဲ့အခါ ကျန်းဟွေ့က ရဲ့ရှောင်ယွီကို တိုးတိုးလေး ပြောသည်။ "အစ်ကိုရဲ့ ညီမ မြို့တော်ကို သွားမဲ့အကြောင်း အမေကို ပြောပြလိုက်အုံးမယ်။ သူမကို စိတ်မပူစေချင်လို့။"

ရဲ့ရှောင်ယွီက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ ‌ဖုန်းခေါ်လ်ိုက်ပါ။"

Chef God Gourmet Flagship Store ရဲ့ ဆိုင်တွင်

ဖုန်းဖြေကြားသူမှာ ရဲ့နင်းရှန် ဖြစ်သည်။ "ဟယ်လို ဒါက Chef God Gourmet Flagship Store ဆိုင်ကပါ ဘာကူညီပေးရမလဲရှင့်။"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now