Ch 44

1K 88 0
                                    

Ch 44

နေ့လယ်စာ စားချိန်တွင် ကျန်းဟွေ့က ရှဟုန်နဲ့ ရဲ့ရှောင်ယွီကြားတွင် ထိုင်သည်။

ရှဟုန်က သူမအတွက် အစားအစာကို ဆက်တိုက်ထည့်ပေးပြီး "ဟွေ့ဟွေ့ များများစားနော် အားမနာနဲ့။"

ရဲ့ရှောင်ယွီကလည်း သူမအတွက် မကြာခဏဆိုသလို "ဟွေ့ဟွေ့ ဒီဟင်းကောင်းတယ် စမ်းစားကြည့်။" လို့ ပြောသည်။

သူရဲ့ ဧည့်ဝတ်ကျေပွန်မှုကြောင့် ကျန်း‌ဟွေ့ရဲ့ ပန်းကန်လုံးက ဘယ်အချိန်မှ အလွတ်မဖြစ်ပေ။

အစာစားပြီးနောက် ကျန်းဟွေ့က သူမရဲ့ ဗိုက်ကဖောင်းနေပြီး ဗိုက်တင်းနေသည်။

ရဲ့အိမ်မှာ ထမင်းစားပြီးနောက် ခဏလောက်ထိုင်ပြီး ကျန်းဟွေ့က ထပြီး နှုတ်ဆက်သည်။ "ဦးလေး အဒေါ် သမီး အရင်ပြန်လိုက်ပါအုံးမယ်ရှင့်။ အချိန်ရရင် နောက်ကျ လာတွေ့ပါမယ်။"

ရှဟုန်က သူမလက်ကို ဆွဲထားပြီး "ဘာလို့ ဒီလောက်မြန်မြန် ထွက်သွားတာလဲ။ ခဏလောက်ထိုင်ပြီး ညစာ စားပြီးမှ ပြန်ပါလား။"

ကျန်းဟွေ့က ပြုံးပြီး "ရပြီအဒေါ် နောက်တစ်ကြိမ်ကျမှပေါ့။"

ရှဟုန်က "ဒါဆို သမီး အားလပ်ချိန်မှာ လာအုံးနော်။" လို့ ပြော‌ရုံကလွဲလို့ ရွေးချယ်စရာ မရှိပေ။

ကျန်း‌ဟွေ့က ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး "ဟုတ်ကဲ့ အချိန်ရရင် ဦးလေးနဲ့ အဒေါ်ဆီ လာလည်ပါမယ်ရှင့်။"

ကျန်းဟွေ့က ရဲ့မိသားစုကို နှုတ်ဆက်ပြီး ရဲ့ရှောင်ယွီ မောင်းနှင်တဲ့ ဂျစ်ကားထဲ ဝင်သွားသည်။

သူမက စိတ်လှုပ်ရှားစွာဖြင့် ရဲ့ရှောင်ယွီကို "အစ်ကိုရဲ့ အစ်ကိုမိသားစုက အရမ်းနွေးထွေးတာဘဲ။"

ရဲ့ရှောင်ယွီက ညင်ညင်သာသာ ပြုံးပြီး "ဒါက ညီမကို အရမ်းကြိုဆိုတယ်လို့ ဆိုလိုတာပါ။ အစ်ကို့မိဘတွေက ညီမကို ဘယ်လောက်တောင် သဘောကျလဲဆိုတာ မြင်တယ်မလား။"

ကျန်းဟွေ့က သူ့စကားကို ကြားတဲ့အခါ ပြုံးပြီး ဘာမှပြန်မပြောပေ။

သူမ ပြန်မဖြေတာကို မြင်တော့ ရဲ့ရှောင်ယွီက အနည်းငယ် စိတ်ပျက်သွသည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now