Ch 16

2K 226 1
                                    

Ch 16

ကျန်းဟွေ့က ရဲ့ရှောင်ယွီကို အော်ဒါထုတ်ရန်နှင့် ငွေကောက်ခံတဲ့စက် အသုံးပြုနည်းကို သင်ကြားပေးပြီး အော်ဒါထုတ်ရန်နဲ့ ငွေကောက်ခံခြင်းကို တာဝန်ပေးသည်။

ဒီအော်ဒါမှာယူတဲ့စက်ကို ကျန်းဟွေ့က Mall ကနေ ဝယ်ယူခဲ့တာ ဖြစ်သည်။ ၎င်းက အလွန်အဆင်ပြေပြီး အသုံးပြုရလွယ်ကူသည်။

ကျန်းဟွေ့က‌‌ နောက်ပိုင်းမျိုးဆက်များရဲ့ စားသောက်ဆိုင် စီးပွားရေးပုံစံကို လက်ခံကျင့်သုံးသည်။ ဖောက်သည်များက အော်ဒါမှာကာ ငွေပေးချေပြီးနောက်မှ အစားအသောက်ရသည်။

ရဲ့ရှောင်ယွီက ငွေစာရင်းမှာနေပြီး စုဆောင်းရာတွင် ကူညီသောကြောင့် ကျန်းဟွေ့နဲ့ ရဲ့နင်းရှန်တို့က မနေ့ကထက် ပိုမိုမြန်ဆန်လာခဲ့သည်။

မနေ့က လာတဲ့ဧည်သည့်တွေက ကျန်းဟွေ့နဲ့ ရဲ့နင်းရှန်ကို မှာကြားရင်း "ညီမလေး မင်းရဲ့ ပေါင်မုန့်က အရမ်း အရသာရှိတယ်။ ငါ့ကလေးတွေက ဒီမနက်အစောကြီးထပြီး ပေါင်မုန့်စားဖို့ စိတ်အားထက်သန်စွာနဲ့ စောင့်နေကြတာ။"

"ဟားဟား ငါ့ကလေးလဲ ဒီလိုဘဲ။ မနေ့ညက ဒီစားဖိုမှူးဆီက ပေါင်မုန့်နဲ့ ပဲနို့ဘဲ ဒီနေ့စားမယ်လို့ ပြောတယ်။ တခြားဘာမှ မစားဘူးတဲ့။"

"Kitchen God Gourmet Store ရဲ့ လက်ရာက အရင်က စားဖူးထားထက် ပိုကောင်းတယ်။ မြေပဲနဲ့ ဝက်သားဟင်းကိုလည်း သဘောကျတယ်။"

ကျန်းဟွေ့နဲ့ ရဲ့နင်းရှန်တို့က ဧည်သည့်တွေထံမှ ချီးမွမ်းသံကို ကြားတဲ့အခါ ပျော်ရွှင်ကြသည်။

စားဖိုမှူးများတွင် တူညီသော ခံစားချက်ရှိကောင်း ရှိနိုင်သည်။ သူတို့ကိုယ်တိုင် လုပ်ထားတဲ့ အရသာရှိတဲ့ အစားအသောက်ကို လူတော်တော်များများက ကြိုက်နှစ်သက်တဲ့အခါ အရမ်းပျော်ရွှင်‌ကျေနပ်ပြီး အောင်မြင်မှုကို ခံစားရသည်။

သုံးယောက်သား ဆယ်နာရီ ထိုးခန့်နီးအထိ အလုပ်များနေပြီး အနားယူရန် ဧည့်ခန်းတွင် ထိုင်ကာ တစ်ခုခုစားကြသည်။

အရင်က ခြောက်နာရီမှာ စားပြီး 7 နာရီမှာ စရောင်းသည်။ အခုချိန်ထိ အလုပ်ရှုပ်နေကြပြီး သုံးလေးနာရီလောက် ရှိပြီ။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now