Ch 39

1.2K 108 0
                                    

Ch 39

ကျန်းဟွေ့ရဲ့ဦးလေး ရဲ့ကျစ်ကျွင်းက စက်ယန္တရားစက်ရုံတစ်ခုက အလုပ်သမားတစ်ယောက် ဖြစ်သည်။

သူ့ဇနီး ဝမ်ရှောင်ယွဲ့က စက်ယန္တရားစက်ရုံတွင် အလုပ်လုပ်ပြီး အလုပ်ရုံတစ်ခုတည်းက အလုပ်သမားတစ်‌ယောက်လည်း ဖြစ်သည်။ အချိန်အကြာကြီး လက်တွဲပြီး ခံစားချက်တွေ ရှိလာပြီးနောက် သူမက သဘာဝအတိုင်း လက်ထပ်ဖို့ ရွေးချယ်ခဲ့သည်။

အိမ်ထောင်ကျပြီး တစ်နှစ်အကြာမှာ ရဲ့ဇီယောင်ဆိုတဲ့ သမီးလေးတစ်ယောက် မွေးဖွားခဲ့သည်။

ရဲ့ဇီယောင်က အခုနှစ်တွင် 5 နှစ်သာ ရှိသေးပြီး စက်ပစ္စည်း စက်ရုံရှိ သူငယ်တန်းတွင် ကျောင်းတက်နေသည်။

ဒီတစ်ပတ်အားလပ်ရက်မှာ ဝမ်ရှောင်ယွဲ့က စိတ်မကောင်းဖြစ်ပြီး ရဲ့‌ဇီယောင်ကို ပြန်မခေါ်ချင်တာကြောင့်  စက်ယန္တရား စက်ရုံဘေးက အဘွားအိမ်ကို ပို့လိုက်သည်။

ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းမြင်တာမှု မဖွင့်လှစ်ခင်က စက်ပစ္စည်းစက်ရုံ အလုပ်သမားများရဲ့ ဆက်ဆံရေးက Jiang Cheng တွင် အကောင်းဆုံးဖြစ်သည်။

ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းမြင်တာမှု ဖွင့်လှစ်ပြီးနောက် လုပ်ငန်းလုပ်ကိုင်သူ ပိုမိုများပြားလာကာ စက်ယန္တရား စက်ရုံများရဲ့ လုပ်ငန်းသည်လည်း ‌တဖြေးဖြး လျော့ကျလာပြီး ကုန်စည်ဈေးနှုန်းများလည်း တဖြေးဖြေး မြင့်တက်လာခဲ့သည်။ လူတိုင်းက သူတို့ရဲ့ အိတ်ကပ်ထဲတွင် ပိုက်ဆံအလုံအလောက်မရှိဘူးလို့ ခံစားလာရသည်။

ဝမ်ရှောင်ယွဲ့ကို ကျန်းဟွေ့ ပေးတဲ့ အဝတ်အစားတွေလိုပါဘဲ။ Wan Jie Fashion City မှာ ရှိတဲ့ အဝတ်အစားတွေက 28 ယွမ် ကုန်ကျပြီး ဝမ်ရှောင်ယွဲ့ရဲ့ တစ်လခွဲ လစာကုန်ကျမှာ ဖြစ်သည်။ အမြဲတမ်း ချွေတာတတ်တဲ့ ဝမ်ရူယွဲ့က ဝယ်ဖို့ တွန့်ဆုတ်နေခဲ့သည်။

ဒါပေမဲ့ စက်ရုံရှိ လူအများအပြားက Wan Jie Fashion City မှ လှပတဲ့ အဝတ်အစားများ ဝယ်ထားသည်ကို မြင်လျှင် ဝမ်ရှောင်ယွဲ့က အလွန် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ အိမ်ပြန်ရောက်တဲ့အခါ သူမက တတိယအစ်မကို ငွေအားလုံး မချေးသင့်ဘဲ မိသားစုကို ပျက်စီးစေတယ်လို့ ရဲ့ကျစ်ကျွမ်းကို တိုင်ကြားသည်။ လူတွေက အဝတ်ဝယ်ဖို့ ပိုက်ဆံမရှိကြဘူး။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now