Ch 23

1.6K 182 0
                                    

Ch 23

ရှစ်တယုံးက စိတ်အားထက်သန်စွာ ပြောသည်။ "မဟုတ်ဘူး အစ်ကိုကျွင်း ကျွန်တော်တို့က အခက်အခဲအများကြီး ကြုံတွေပြီးမှ Yang Cheng ကို ရောက်လာခဲ့တာ။ အနည်းဆုံးတော့ မပြန်ခင် ပတ်ကြည့်ရအောင်လေ။ မဟုတ်ရင် လူတွေက Yang Cheng မှာ ငါတို့‌ တွေ့ခဲ့တာ စားခဲ့တာကို မေးလိမ့်မယ်။ မဖြေနိုင်ရင် ဘယ်လောက်တောင် ရှက်ဖို့ကောင်းမလဲ။"

ကျောင်းချန်ကျွင်းက သူပြောတာ အဓိပ္ပာယ်ရှိတယ်ဆိုတာကို သိပေမဲ့ ခုချိန်မှတော့ သူ့လက်ထဲမှာရှိတဲ့ ပစ္စည်းတွေကို အမြန်ပြန်ရောင်းပြီး ငွေရှာဖို့ ပိုပြီး စိတ်အားထက်သန်နေသည်။

ဒီတစ်ခေါက် Yang Cheng ခရီးစဉ်က အရမ်းကို ချော့မွေ့လွန်းသည်။ ချော့မွေ့လွန်းတာက သူ့ကို အနည်းငယ် မသက်သာဖြစ်စေပေမဲ့ ချမ်းသာဖို့ အခွင့်အလမ်းကို ရှာတွေ့စေသည်။

ကျောင်းချန်ကျွင်း ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ရပ်လိုက်ကာ ရှစ်တယုံးကို လေးနက်စွာနဲ့ "တယုံး ငါအထင့် ငါတို့နှစ်ယောက် အလုပ်တစ်ခု လုပ်ကြအောင်။ ငါက ကုန်ပစ္စည်းကို ပြန်ရောင်းမယ်။ မင်းက ဒီမှာ နေခဲ့ပြီး ကျန်းလောင်ပန်ကို အာရုံစိုက်ထား။ သူမပြောတာ မကြာခင် စတိုးဆိုင်ဖွင့်မယ်လို့ ပြောတယ်။ ဘယ်မှာဖွင့်လဲဆိုတာ ကြည့်ထား။"

"ငါပြန်ရောက်လို့ ဒီနာရီတွေ ရောင်းကောင်းရင် မင်းကို ကြေးနန်းတစ်စောင် ပို့လိုက်မယ်။ မင်းက ငါ့ကို ပစ္စည်းတွေ ပြန်ပို့ဖို့ ကူညီပေး။"

"Yang Cheng မှာ နေပြီး လမ်းတွေကို လည်ပတ်ကြည့်ထားပြီး ထိုးထွင်းဉာဏ် ပိုကောင်းလာနိုင်တယ်။ နောက်တစ်ခါ ငါလာတဲ့အချိန်ကျ လမ်းပြပေါ့။"

ရှစ်တယုံးက "ကောင်းပြီ ဒါဆို ငါနေခဲ့မယ် မင်းပြန်သွားလိုက်။"

ကျောင်းချန်ကျွင်းကဲ့သို့သော လူအများအပြားသည် တခြားပြည်နယ်မှ Yang Cheng သို့ ကုန်ပစ္စည်းများ ဝယ်ယူရန် ဒါမှမဟုတ် အနာဂတ်အတွက် လာဘ်လာဘ အခွင့်အလမ်းများကို လာရောက် ရှာဖွေကြသည်။

ဒီခေတ်မှာ အမြော်အမြင် ရှိတဲ့သူတွေ အရမ်းများပြားသည်။

ကံဇာတာ ပြောင်းဖို့ Yang Cheng ကို မိုင်ထောင်ချီ ခရီးထွက်လာရဲတဲ့ ဒီလူတွေက အမြော်အမြင်ရှိပြီး ခက်ခက်ခဲခဲ တိုက်ခိုက်ရဲတဲ့ သတ္တိရှိသူတွေ ဖြစ်သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now