အပိုင်း (၃၅၆) ဖူကျို့က တခြားလူတွေရဲ့ အမှားကို ကာကွယ်ပေးတယ်

Start from the beginning
                                    

သူသည် ချင်မော့၏ ဘာမှမထူးခြားဘဲ ဩဇာလွမ်းမိုးနိုင်သည့် လေသံသဲ့သဲ့ကို ကြားလိုက်သေး၏။

“ မရေမတွက်နိုင်တဲ့ လက်ရွေးစင် e-sport ဟုတ်လား၊ မင်းကလွဲရင် ဟယ်မိသားစုက ဘယ်သူတွေကို လေ့ကျင့်ပေးထားသေးလို့လဲ”

“ယောင်ယောင်၊ ဖုန်းလေးနဲ့ အန်ကယ်ရင်းလေ အစ်ကိုမော့ နင်လေး သူတို့ကို လစ်လျူရှုထားလို့ ဘယ်ရမလဲ”

သူသည် ထိုပုံစံနှင့် ဆွဲခေါ်သွားခံရသည်ပင် ရာမာဂူချီကို ဆွဲဆောင်နေသေး၏။

“ခေါင်းဆောင် ရာမာဂူချီ မင်း မြင်တဲ့အတိုင်းပဲ ခုလုပ်သွားတဲ့ ပြိုင်ပွဲမှာ ဟယ်အဖွဲ့က ကစားသမားတွေ အများကြီးပါတယ်၊ မင်းကို ဒီက အမြဲကြိုဆိုနေတယ်နော်”

ရာမာဂူချီ :  “…..”

ဒါကြီးက... ဒီကောင်လေး လူခေါ်ဖို့ လုပ်နေတာမဟုတ်ပဲ ကုန်ပစ္စည်းတစ်ခုကို ကြော်ငြာနေတာလို့ ခံစားနေရပါလား။

ချင်မော့သည် ဖူကျို့ကို မတားပေ။ သူသည် ထိုစကားကို ကြားလိုက်ပြီးနောက် ချက်ချင်း ပြန်ပြောလိုက်လေသည်။

“သူတို့ထဲက နှစ်ယောက်က ကိုယ့်ဟာကိုယ် လေ့ကျင့်ရင်း အရည်အချင်းတက်လာတာ၊ သူတို့ထဲက တစ်ယောက်တော့ နဂိုကတည်း ပညာရှင်အဆင့် ကစားသမားလေ၊ သူက ဟယ်အဖွဲ့ကို ပြိုင်ပွဲရှေ့တစ်ရက်မှ ဝင်လာတာ၊ သူ့ကို ဘယ်လို လေ့ကျင့်ပေးလို့ရမှာလဲ”

ဖူကျို့သည် ကြီးမြတ်လှသည့်သခင်လေးက သူမကို ခြေထိုးပြီး သူမနှင့် လုံးဝမပူးပေါင်းသည်ကို တွေးမိသွားတော့သည်။ ဒါသည် အခြေအနေကောင်းတစ်ခု မဟုတ်ပေ။

ထို့နောက် ဖူကျို့သည် သူမ၏နှုတ်ခမ်းများကို ပင့်ကာ ပြုံးထားလိုက်၏။

“ ငါလေးတစ်ယောက်ထဲဆိုရင်တောင် ငါလေးက လူတစ်ဒါဇင်နဲ့ ညီတယ်နော်”

“ဖူကျို့လေး”

ချင်မော့သည် သူ့လက်ကို ဖြေလျှော့လိုက်ပြီး လျှောက်နေရင်းမှ ရပ်လိုက်၏။

ဖူကျို့သည် နောက်ဆုံးတွင် ခေါင်းမမော့ဘဲ သူ့ကော်လံကို ပြန်ပြင်လိုက်၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now