အပိုင်း (၃၅၅) ရှက်ဖွယ်မန်နေဂျာဖုန်း

Start from the beginning
                                    

သို့သော် သူ့မိတ်ဆွေဟောင်းအားလုံးသည် ထွက်ခွာသွားကြပြီဖြစ်၏။ သူသည် ထွက်မသွားချင်ခဲ့ပေ။ သူ ကစားနိုင်သေးသည်ဟု ထင်သည်။ သူသည် ဂိမ်းကစားရသည်ကို ကြိုက်နှစ်သက်သောကြောင့် ဆက်ရှိနေချင်ခဲ့သည်။

သူသည် အလွန်ရိုးစင်းနေသေးကြောင်း သည်နေ့က သက်သေပြလိုက်၏။

ဤအင်အားမဲ့သည့် မြင်ကွင်း၏ လွှမ်းမိုးခံလိုက်ရတော့မည်ဟု သူတွေးလိုက်ချိန်တွင်တော့ လူများသည် အံ့ဩစရာကောင်းလောက်အောင် သူ့ဘက်က ရပ်တည်ကာ ပြောဆိုပေးကြသူများမှာ သူပြိုင်ဘက် ချင်မော့နှင့် ... ရှူဂျိက ပညာပေးပြချင်သည်ကို အော်ခဲ့သည့် ထိုငွေရောင်ဆံပင်နှင့် ကောင်လေးတို့သာ ဖြစ်တော့သည်။

တော်ပါပြီ။

တော်လောက်ပါပြီ။

ရာမဂူချီသည် အရေးကြီးတာဝန်တစ်ခုကို ဆောင်ရွက်နေသည့်နှယ် မတ်တတ်ရပ်လိုက်၏။

“အားနာပါတယ်၊ ငါ လက်မခံဘူး၊ ငါဒီဂိမ်းကို Supremeအသင်းနဲ့ ပြိုင်ပြီး ကစားချင်သေးတယ်၊ ဒီကို လေးလေးနက်နက် ကစားချင်တာ၊ ဒါပေမဲ့ ငါ ဆာကူရာအသင်းမှာ ဆက်နေတော့မှာ မဟုတ်ဘူး၊ ငါနဲ့ ထိုက်တန်တဲ့ ပိုကောင်းတဲ့အသင်းတစ်ခုဆီကိုပဲ သွားရလိမ့်မယ်”

သူသည် ထိုစကားကို ပြောလိုက်ချိန်တွင် သူ့မျက်လုံးများသည် တောက်ပနေ၏။ သူသည် သူ့ပြိုင်ဘက်ကို လေးစားမှု ပိုပြလိုက်ခြင်းအားဖြင့် သည်သဘောထားသည် ပိုခိုင်မာသွားတော့သည်။

ချင်မော့သည် သူ့ကိုကြည့်လိုက်ပြီး ပေါ့ပါးသည့် လေသံဖြင့် စကားတစ်ခွန်းကိုသာ ပြောလိုက်လေသည်။

“ ငါ မင်းပြန်အလာကို စောင့်နေမယ်”

ထို့နောက် သူသည် လှည့်ထွက်သွား၏။

မန်နေဂျာနှင့် ဆာကူရာအသင်းသားတို့၏ တုံ့ပြန်မှုကိုတော့ သူလုံးဝ ဂရုမစိုက်ပေ။

ဖူကျို့သည် ရယ်မောနေဆဲဖြစ်ပြီး စကားတစ်ခွန်းကို ညင်ညင်သာသာ ပြောလိုက်လေသည်။

“ ငါ့အစ်ကိုမော့က ရာမာဂူချီကို လေးစားမှုသာမထားရင် မင်းတို့တွေကို စက္ကန့်အနည်းငယ်အတွင်း တစ်ယောက်ပြီး တစ်ယောက်သ-တ်ခဲ့ပြီးပြီ၊ ဟေ့ကောင်လေးတွေ လူတွေကို ပညာမပေးခင် မင်းတို့ မှတ်တမ်းကိုလဲ အရင်ပြန်ကြည့်လိုက်ကြအုံး၊ မင်းတို့တွေ အားဖြည့်တာကို မြင်လိုက်ကြလား၊ ပြီးတော့ မင်းတို့ခေါင်းဆောင် ရာမာဂူချီက လမ်းပေါ်က ငါတို့ တာဝါ နှစ်ခုကို ချိုးပြီးသွားပြီ၊ မင်းတို့ ခေါင်းဆောင်သာ အောက်မှာ ပြဿနာကောင်တွေကို ကာကွယ်မပေးခဲ့ရရင် သူ ငါတို့ရဲ့ နောက်ဆုံးတာဝါကို ချိုးပြီးသွားလောက်ပြီ၊ မင်းတို့ နားမလည်ဘူးလား၊ ဘာလို့ မေးခွန်းတွေ ထပ်မမေးတာလဲ၊ ပြီးတော့ မင်းတို့တွေက သာမန်အသိတောင်မရှိပုံကို ကိုယ့်ဟာကို ပြန်မကြည့်ကြဘူး”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now