အပိုင်း (၃၅၃) အကောင်းဆုံး ကစားသမား

Start from the beginning
                                    

ဆာကူရာအသင်းမှ တစ်ယောက်ချင်းစီတိုင်း၏ အရည်အချင်းသည် ရွှယ်ယောင်ယောင်ထက် သာကြသော်လည်း သူတို့၏ စွမ်းအားမှာ အလွန်ပြန့်ကျဲနေ၏။

လူငါးယောက်သည် မြို့ကို အတူတူ တိုက်ခိုက်နေရာ မာတိုခဇုမှာ မည်သို့ ပြန်ခုခံရပေမည်နည်း။

အထူးသဖြင့် ချင်မော့သည် သူ့ပထမတိုက်ခိုက်ရေးပုံစံကို ပြောင်းလဲလိုက်လေသည်။ မာတိုခဇုကို မြင်လိုက်ပြီးနောက် သူသည် တစ်ချက်ကလေးမှ တွေဝေမနေဘဲ အရင်ဆုံး မူးအောင်လုပ်လိုက်ကာ တိုက်ကွက်ကြီးတစ်ခု ထည့်လိုက်တော့သည်။

ထို့နောက် ချက်ချင်း ပြန်လာပြီး crit hit တစ်ခုကို သုံးလိုက်လေသည်။

ထိုမြန်ဆန်လှသည့် လက်အမြန်နှုန်းက အတော်လှပလေသည်။

ငွေရောင်အလင်းရောင်မှလွဲလျှင် လူများသည် သူခဏရပ်သွားသည်ကို မြင်လိုက်ပြီး သူ့ဓားသည့် ရှေ့သို့ တိုးသွားတော့သည်။

ချင်မော့သည် ဘေးတွင်ရှိသည့် တိမ်ကျား ကို တန်းပြောလိုက်လေသည်။

“ ပစ်”

“ ဟုတ်”

တိမ်ကျားသည် စကားဘယ်တော့မှ မပြောချေ။ သွေးအကျခံပြီး crit တစ်ချက် နှင့် တဟုန်ထိုး ပြေးဝင်သွားတော့သည်။

“ဟာ”

မာတိုခဇု လဲကျသွားပြီး ရွှယ်ယောင်ယောင်သည် သွေးဖြည့်စကေးကို ထုတ်လိုက်၏။ Supremeအသင်းသားအားလုံးသည် ချက်ချင်း သွေးပြည့်သွား၏။

လူငါးယောက်သည် ဆက်တိုက် ရိုက်ချလိုက်ရာ တစ်ဖက်အသင်း၏ တာဝါမှာ ချက်ချင်း ပျက်စီးသွားတော့သည်။

K.O.

ငွေရောင်အလင်းနှင့်အတူ အောင်နိုင်ခြင်းကို ပြသည့် သင်္ကေတများသည် စခရင်တစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။

မာတိုခဇု၏ ညာဖက်လက်သည် ရှော့ခ်ဖြစ်သွားသည့်နှယ်။

သူ၏ မူလအတွေးမှာ သူသည် အနည်းဆုံးတော့ တခြားအသင်းသားများ ပြန်ရှင်လာသည်အထိ ခုခံထားနိုင်လိမ့်မည်ဟုပင်။

သို့သော်ငြား သူမျှော်လင့်မထားသည်က အရင်က ချင်မော့နှင့် ယှဥ်လိုက်လျှင် သည်နေ့၏ချင်မော့က လူများကို ပိုကြောက်ရွံ့စေလောက်အောင် သန်မာနေ၏။ သူသည် မည်သို့များ အလွန်တိကျစွာ တွက်ချက်နိုင်ခဲ့ပါသနည်း။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now