စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း

Start from the beginning
                                    

ပိုင်လီက အိမ်ကို အလျှင်စလိုဆောက်ဖို့ ရည်ရွယ်ချက်မရှိပေ။ သူတို့က အိမ်ဆောက်နေတဲ့အတောတွင်းမှာ ပိုင်အိမ်မှာ ခဏပြန်နေဖို့တောင် ဆွေးနွေးထားပြီးကျပါပြီ။ ဒါပေမယ့်လည်း အဲတာက ပုံမှန်ထက်ကြာနေလည်း အဆင်ပြေတယ်လို့ မဆိုလိုဘူးလေ။ အရမ်းကို အချိန်ဆွဲတတ်တဲ့ လူတွေဆိုရင်တော့ ရှောင်တာကကောင်းသည်ဖြစ်လို့ အဖွဲ့ကမည်သည့်အဖွဲ့ကြောင်း ချောင်ရန်ကိုမေးထားလိုက်၏။

အဲဒီနောက် ချောင်ရန်က ကောင်းသည်ဟု ကြားဖူးသော အဖွဲ့နာမည်တချို့ကို ဆက်ပြောပြနေပြီး သိပ်မကြာခင်၌ ချိန်မျိုးရိုး ကုန်သည်ဇနီးမောင်နှံနှစ်ယောက် ရောက်လာခဲ့လေသည်။

ချိန်အန်းနဲ့ရှင်းစဲ့တို့က လက်မထပ်ခင်ထဲက ကိုယ်စီကုန်သည်တွေဖြစ်ကျပြီး လက်ထပ်ပြီး သူတို့လုပ်ငန်းတွေကို ပူးပေါင်းပြီးနောက် ကုန်သည်ကြီးများစာရင်းဝင်ဖြစ်လာခဲ့ကျတာပင်။ သူတို့တွေက လက်မထပ်ခင်ထဲက အချင်းချင်းက ချောင်ရန်နဲ့သိနေပြီး ချောင်ရန်ရဲ့ မိတ်ဆက်ပေးမှုကြောင့်ပဲ သူတို့ကတွေ့ဆုံခဲ့ကျတာပါ။ ဒါကြောင့် သူတို့နဲ့ချောင်ရန်ရဲ့ ရင်းနှီးမှုက နက်ရှိုင်းပြီး ပုံမှန်လိုဆို သူတို့က သူတို့အတွက် ရွှေချောင်းများစွာကို ယူလာပေးမယ့် စံပါယ်ပင်ကိစ္စကို လက်လွှတ်မှာမဟုတ်ဘဲ လာပြောသူက ချောင်ရန်ဖြစ်နေလို့သာ တခြားတစ်ခုနှင့် လဲလှယ်ဖို့ကို စဥ်းစားကြည့်ပေးဖို့ လက်ခံခဲ့တာဖြစ်သည်။

အကယ်၍ တခြားတစ်ခုက စံပါယ်ပင်ရဲ့အကျိုးမြတ်နဲ့ အနည်းငယ်ပဲကွာနေရင်တော့ သူတို့က စဥ်းစားပေးမှာပေမယ့် အဆများစွာ ကွာနေတယ်ဆိုရင်တော့ သူတို့က လက်ခံဖြစ်မှာမဟုတ်ပါဘူး။

သူတို့က ခန်းမထဲဝင်လာချိန်မှာ ချောင်ရန်နှင့်အတူ ရည်မွန်ပုံရသည့် လူငယ်တစ်ယောက်ကို တွေ့ခဲ့ရပြီး ထိုလူငယ်က ချောင်ရန်ပြောသည့်လူ ဖြစ်မယ်မှန်းတန်းသိလိုက်ကျသည်။

ချောင်ရန်က သူတို့ဝင်လာတာတွေ့တော့ မကြည်မသာဟန်နဲ့...

"မင်းတို့ ဘာလို့ ဒီလောက်ကြာနေရတာလဲ မင်းတို့ပဲအလုပ်ရှိတယ်ထင်နေတာလား"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now