အဆိုပါ  အဆောက်အအုံနှစ်ခုလုံးက မြေအောက် 3 ထပ်နဲ့ မြေပြင်ပေါ် အထပ် 36 ထပ် စုစုပေါင်း 39 ထပ် ပါဝင်တဲ့ အဆောက်အအုံများ ဖြစ်သည်။

မြေအောက် 3 ထပ်တွင် အောက်ဆုံး 2 ထပ်က ကားပါကင် ဖြစ်ပြီး ကျန်တစ်ထပ်က ဂိုဒေါင် ဖြစ်သည်။

1 ထပ်ကနေ 6 ထပ်ထိ အသွင်အပြင် ပုံစံက Jiang Cheng ရှိ Wan Jie စူပါမားကတ်နဲ့ တူညီသည်။

7 ထပ်နဲ့ အပေါ်ထပ်က လူနေတိုက်ခန်းများ ဖြစ်သည်။ Peng Cheng ရှိ ဒီအဆောက်အအုံနှစ်ခုရှိ တိုက်ခန်းများအတွက် ရဲ့ရှောင်ယွီက အိမ်ခြံမြေအရောင်းလိုင်စင်ကို ရထားသည်။

ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့တို့က 1 နှစ် သို့မဟုတ် 2 နှစ်အတွင်း နိုင်ငံတစ်ဝှမ်းရှိ အဓိကပြည်နယ်နဲ့ မြို့ကြီးများအားလုံးတွင် Wan Jie စူပါမားကတ်နဲ့ Wan Jie လျှပ်စစ်ပစ္စည်းများကို ဖွင့်လှစ်ရန် အဆင့်သင့် ဖြစ်နေပြီ ဖြစ်သည်။

အရင်ဘဝက လုပ်ငန်းရှင်ကြီးတွေက အခုမှ စကြပြီး တချို့က မစသေးတာကို အခွင့်ကောင်းယူပြီး ဈေးကွက်ဝေစုကို အရင်သိမ်းမည် ဖြစ်သည်။

Guang Dong ပြည်နယ်က နိုင်ငံအတွင်း လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်ပြီး ထိုနေရာတွင် ဈေးကွက်ကို အလွန်လျင်မြန်စွာ သိမ်းပိုက်ရန် လိုအပ်သည်။

အဆိုပါ အဆောက်အအုံနှစ်ခုကို တည့်ဆောက်သည့်အဖွဲ့ကို ကျန်းဟွေ့က ဦးဆောင်နေဆဲ ဖြစ်ပြီး သူတို့အားလုံးက Jiang Cheng ရှိ Wan Jie စူပါမားကတ်ကို တည်ဆောက်ခဲ့တဲ့ စက်ရုပ်များနဲ့ သာမန်အလုပ်သမားများ ဖြစ်သည်။

ကျန်းဟွေ့က အဆိုပါ အဆောက်အအုံနှစ်ခုရဲ့ ပရောဂျက်ကို ကျန်းဟူဆီ လွှဲပြောင်းပြီးနောက် သူမက ၎င်းအတွက် အခြေခံအားဖြင့် စိတ်မပူတော့ပေ။

အခု  အဆောက်အအုံနှစ်ခုက ပြုပြင်မွမ်းမံခြင်း အဆင့်ကို ရောက်ရှိသွားတာကြောင့် ရဲ့ရှောင်ယွီက ဇွန်လတွင် ဖွင့်လှစ်မည်ဟု ကတိပြုခဲ့သည့်အတွက် ပြဿနာမရှိပေ။

ကျန်းဟွေ့ရဲ့ ကုန်ပစ္စည်းများ ထောက်ပံမှု၊ စက်ရုံအသီးသီးက ကုန်ပစ္စည်းများ ထောက်ပံမှုနဲ့ တချို့သော ပေးသွင်းသူများထံမှ ကုန်ပစ္စည်းများ ထောက်ပံမှု အားလုံးကို ထောက်ပံပို့ဆောင်ရေး ကဏ္ဍပေါင်းစုံတွင် ပြင်ဆင်ထားပြီ ဖြစ်သည်။ ဒီနေရာတွင် အလှဆင်ကြီး ပြီးဆုံးပါက အချိန်မရွေး ဖွင့်နိုင်သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now