အပိုင်း (118)

Start from the beginning
                                    

အမွှေးအိတ်ပြဿနာသည် ချောင်ချင်းချင်း၏ ဆင်ခြေတစ်ခုသာပင်။ တကယ်တော့ သူမက အဲတာကို သွားကြည့်ချင်နေတာပါ။

ပိုင်မိန်နှင့် အသေးလေးများသည် ပြဇာက်များကိုတစ်ခါမှ မမြင်ခဲ့ဖူးကျပေ။ ဒါကြောင့် ပိုင်မိန်နှင့်ရှောင်ဖူက စပ်စုချင်နေကျပြီး သူတို့က ပိုင်လီကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကျပါတယ်။

အဲဒီအချိန်မှာ ချောင်ချင်းချင်းရဲ့အသံကြောင့် နိုးလာပြီဖြစ်တဲ့ ရှောင်ဝူလေးကလည်း မျက်လုံးလေးတွေကိုပွတ်သပ်ရင်းဖြင့်...

"ပြဇာက်က ဘာကြီးလဲ"

ချောင်ချင်းချင်းမှာ ဒီလိုမေးခွန်းမျိုးကို ဖြေချင်နေတာကြာပြီဖြစ်၍...

"အဲတာက အရမ်း...လှတာ အရမ်းလှတဲ့ အဝတ်စားတွေနဲ့ သီချင်းဆိုကျတာလေ အရမ်းကြည့်ကောင်းတာနော်!"

ကောင်းပြီ။ သူမလေးက ငါးနှစ်သမီးပဲရှိသေးတာကို ပြဇာက်နဲ့ပတ်သတ်ပြီး ဘယ်လိုမျိုးရှင်းပြလာဖို့ သူတို့မျှော်လင့်လို့ရမှာလဲ။

ရှောင်ဝူသည် ဒါမျိုးအား တစ်ခါမှ မကြည့်ဖူးလေရာ အရမ်းစိတ်ဝင်စားသွား၍ သူ့အဖေအား သနားဖို့ကောင်း ကြည့်လိုက်၏။

"အဖေ...သားတို့ ပြဇာက်သွားကြည့်လို့ ရမလားဟင်"

​ပိုင်လီက အိပ်ချင်တောင်မပြေသေးဘဲ တခြားကိုစိတ်ရောက်နေတဲ့ သူ့သားငယ်လေးကို အလွန်ချစ်မြတ်နိုးစွာကြည့်လိုက်လေသည်။ သူ့ရဲ့ညီမလေးနဲ့ သူ့သားကြီးကလည်း သွားကြည့်ချင်နေတာကို သူမြင်နိုင်ပြီး သူက ဒါကိုငြင်းဆန်ဖို့ ဘယ်လိုများ အသည်းမာနိုင်မှာတဲ့လဲလေ။

ထပ်ပြီး သူ့ဇနီးလေးကလည်း ပြဇာက်တွေ မကြည့်ဖူးလောက်၍ သူက...

"ရှောင်ဟန် ကလေးတွေက အရမ်းစိတ်ဝင်စားနေတာ ကိုယ်က လက်သမားငှားဖို့လည်း ရှိသေးတော့ မင်းပဲ ကလေးတွေနဲ့ သွားကြည့်လိုက်ပါလား"

အမှန်တိုင်းဝန်ခံရလျှင် ရှောင်ဟန်ကလည်း ပြဇာက်ဆိုတာကို တစ်ခါလောက် ကြည့်ဖူးချင်မိသည်ပင်။ ဒါပေမယ့် အဲတာက ဆိပ်ကမ်းမြို့လိုနေရာမှာ ကလေးတွေကို သူတစ်ယောက်ထဲ ဦးဆောင်ပြီး သွားကြည့်ရဲမယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ။ သူ့ခင်ပွန်းမပါရင် သူက မြို့ထဲကိုတောင် ဘယ်လိုလုပ်သွားရဲမှာလဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now